<Unicode>
*အဲ့...ဒါကစားသောက်ဆိုင်ပါတည်ခိုခန်းမဟုတ်.....ရ...ရပါတယ်..အခန်းတွေရှိတယ်...လာကြစမ်းဒီသခင်လေးကိုအခန်းလိုက်ပြပေးလိုက်ကြ*
ငြင်းဆန်ရန်ပြင်နေသည့်စာပွဲးထိုးလေးကလန်စစ်ပစ်ကျောက်တုံးကိုဖမ်းလိုက်ကာမျက်နှာပြုံးရွှင်သွားပြီးနောက်ထပ်ဝန်ထမ်းလေးတစ်ယောက်ကိုအော်ခေါ်ကာအခန်းလိုက်ပြခိုင်းလိုက်သည်။
လန်စစ်ရို့ကျိုးစွာသူ့ကိုရှေ့ဆောင်လမ်းပြပေးနေတဲ့စာပွဲးထိုးလေးနောက်ကိုလိုက်သွားလိုက်သည်။အခန်းကအပေါ်ထပ်မှာဖြစ်ကာအခန်း၃ခန်းရှိသည့်အနက်သူ့ကိုအလယ်ခန်းကိုညွှန်ပြလာကာတံခါးဖွင့်ပေးလာပြီးအရိုအသေပေးကာပြန်သွားတာမလို့အခန်းထဲဝင်လာခဲ့လိုက်ကာကုတင်ပေါ်ပစ်လှဲချလိုက်သည်။
မျက်လုံးမှိတ်လိုက်သည်နှင့်တပြိုင်နက်မျက်လုံးထဲပေါ်လာသည်ကာသူ့ရဲ့အချစ်လေးရဲ့မျက်နှာနုနုလေးကိုသာ......*အား....လွမ်းလိုက်တာကွာ...*
တကယ့်ကိုအဆင်ပြေမနေပါ...တစ်လကြီးများတောင်မမြင်မတွေ့ရတာကသူ့အတွက်ငရဲလိုပင်..
သူရှစ်စွင်းကိုတစ်ယောက်ထဲမလွှတ်လိုက်သင့်ဘူးနောက်ဆုံးလွမ်းရတာကသူပါပဲ!ကြင့်ကြံဖို့ရာစိတ်ပါမနေတာမလို့အခန်းတံခါးကိုအစွမ်းနဲ့ပိတ်လိုက်ကာအိပ်ပစ်လိုက်တော့သည်။
..…........ပင်ချူမြို့ကဟော်ရုန်ဂိုဏ်းရဲ့အုပ်ချုပ်မှုအောက်မှာတည်ရှိနေတာမလို့ပင်ချူမြို့မှာပွင့်မယ်လျှို့ဝှက်လောကတံခါးကလည်းဟော်ရုန်ဂိုဏ်းနဲ့သက်ဆိုင်မှုရှိနေသည်။
ထိုကြောင့်လျှို့ဝှက်လောကထဲဝင်မယ့်သူတွေကဟော်ရုန်ဂိုဏ်းရဲ့စမ်းသပ်ချက်တွေကိုကျော်လွန်ပြီးမှလျှို့ဝှက်လောကတံခါးထဲဝင်နိုင်မှာဖြစ်သည်။
လျှို့ဝှက်လောကကြင့်ကြံခြင်းလောကတခွင်နေရာအနှံ့အပြားမှာတပြိုင်တည်းပွင့်တာဆိုပင်မယ့်ထိုနေရာတွေကိုလိုက်ရှာရန်အတွက်မဖြစ်နိုင်ပေအဘယ့်ကြောင့်ဆိုလျှို့ဝှက်လောကတံခါးကနာရီဝက်သာပွင့်တာဖြစ်တာကြောင့်အချိန်မလောက်ငှနိုင်ပေဟော်ရုန်ဂိုဏ်းကိုဆန့်ကျင့်ဖို့ရာလည်းဟော်ရုန်ဂိုဏ်းကအဆင့်မြင့်ဂိုဏ်းတစ်ခုဖြစ်ကာဂိုဏ်းခေါင်းဆောင်ကစိတ်ဝိဉာဉ်နတ်ဘုရားပုံဖော်ခြင်းအဆင့်ကိုရောက်ရှိနေပြီဖြစ်ကာမိုးမြေအဆင့်နဲ့အောက်ကအကြီးအကဲတွေများစွာရှိသည်။