<Unicode>
ဒါပေမယ့်အိုလီဘာရှိနေတဲ့အတွက်သိပ်မဆူရဲဘဲသတိပေးကာသာပြန်လွှတ်လိုက်သည်။
ဘယ်သူကမသိလို့လဲမျိုးနွယ်စုအကြီးအကဲအိုလီဘာကသူ့သားကိုအရမ်းအလိုလိုက်လွန်းတယ်ဆိုတာကို....အီဗန်ဂျလိုမျိုးနွယ်စုဆောင်ရဲ့တဲအပြင်ကိုရောက်တော့အိုလီဘာကလည်းသူ့အနောက်ကနေလိုက်ပါလာကာပုခုံးကိုပုတ်ကာချီးကျူးလာသည်။
*အရမ်းတော်တယ်သား...မင်းအတွက်အဖေဂုဏ်ယူတယ်..အဖေ့သားကနောက်ဆုံးတော့အတော်ဆုံးမှော်ဆရာဖြစ်လာပြီ....*အီဗန်ကပြုံးကာသူ့အဖေနဲ့စကားခဏဆက်ပြောကာသူ့တဲကိုပြန်လာခဲ့လိုက်သည်။
တဲထဲဝင်သည်နှင့်ခြေထောက်တိုတိုလေးတွေနဲ့အမြီး
လေးတွေထောင်တက်ကာစိတ်လှုပ်ရှားစွာသူ့ဆီပြေးလာသောမြေခွေးပေါက်စလေးကိုကောက်ချီလိုက်ကာအမွှေးပွပွေတွပေါ်ကနေနမ်းရှိုက်လိုက်ပြီးသူ့ပုခုံးပေါ်တင်ပေးလိုက်ကာခေါင်းလေးကိုပုတ်ပေးလိုက်သည်။ပြီးတော့အဝတ်အစားအပိုနှစ်စုံလောက်နဲ့အမဲလိုက်ရာမှလိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုယူကာမြေခွေးပေါက်လေးနဲ့အတူတောအုပ်ထဲမှာရှိတဲ့စမ်းချောင်းလေးထံထွက်လာလိုက်သည်။
အမဲလိုက်ဖို့ရာအတွက်မူလပိုင်ရှင်ကမှော်စွမ်းအားကိုမသုံးပဲအမဲလိုက်ရာမှာသာမာန်လူတွေသုံးတဲ့လေးနဲ့မြှားကိုသာအသုံးပြုတာမလို့သူလည်းလေးနဲ့မြှားသာယူလာခဲ့တာဖြစ်သည်။
အမဲလိုက်ရင်အနည်းဆုံး၃၊၄ရက်လောက်ကြာတတ်တာမလို့အစောနကတည်းကသူ့အဖေကိုအသိပေးပြီးသွားပြီဖြစ်သည်။
သူအမဲလိုက်ဖို့ထွက်လာသည်ကနောက်ထပ်အကြောင်းပြချက်ရှိသေးသည်။ထိုအရာကဇာတ်လိုက်မမီယာကသူ့လင်ဒဏ်ရာရသွားပြီဆိုတော့သေချာပေါက်သူ့ရဲ့မြေခွေးပေါက်လေးကိုရန်ရှာတော့မှာပင်...
ထိုကြောင့်သူအခုလိုထွက်လာခဲ့လိုက်တာကဇာတ်လိုက်မသူ့အနားလှည့်ဖြားကာကပ်တွယ်မည့်အရေးကိုလည်းရှောင်လို့ရသလိုသူ့ခလေးငယ်လေးနဲ့လည်းနှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေလို့ရသည်။တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့ဘယ်လောက်ကောင်းလိုက်သလဲ..စမ်းချောင်းလေးဆီရောက်လာပြီမလို့စမ်းချောင်းနဘေးကကျောက်တုံးအကြီးကြီးပေါ်မြေခွေးပေါက်လေးကိုတင်ပေးလိုက်ကာ....