arc-2:2ကယ်ဗင် ဟန်နရီ

1.7K 93 0
                                    

<Unicode>

သူကလက်ထပ်ထားတာတစ်လပြည့်သွားပြီဖြစ်သော်လည်းသူ့ရဲ့ခင်ပွန်းဖြစ်သူကိုလက်ထပ်ပွဲနေ့ကခဏမျှသာမြင်တွေ့ဖူးခဲ့ပြီးတကြိမ်တခါမှထပ်တွေ့ဖူးခြင်းမရှိတော့တဲ့အတွက်သူ့ခင်ပွန်းရဲ့မျက်နှာကိုတောင်မေ့နေပြီဖြစ်သည်။

အီသန်ရဲ့အကြည့်တွေကပန်းပင်လေးတွေအောက်ကနေသူ့ကိုမဝံ့မရဲခိုးကြည့်နေကြတဲ့ယုန်ငယ်လေးတွေထံရောက်ရှိသွားကာမျက်ဝန်းလေးတွေကတောက်ပသွားပြီးအနားသွားကာငုတ်တုတ်ထိုင်လိုက်ပြီးလေသံလေးနဲ့နူညံ့စွာယုန်လေးတွေကိုစကားပြောလိုက်သည်။

*Hiငါကအီသန်ပါ...ငါ့ကိုမကြောက်ပါနဲ့ငါကမင်းတို့လေးတွေနဲ့သူငယ်ချင်းဖြစ်ချင်လို့ပါ....*

ထိုယုန်လေးတွေကအီသန်ဆီကအန္တာရယ်ကိုမခံစားရတာမလို့အနားသို့တရွေ့ရွေ့နဲ့တိုးကပ်လာကာအီသန်ကိုခေါင်းလေးတွေတိုးဝှေ့ကာပွတ်သက်တော့သည်။
အီသန်ကတင်ပလင်ချိတ်ထိုင်လိုက်ကာယုန်လေးတွေကိုပေါင်ပေါ်တင်ပြီးဆော့နေပေးလိုက်သည်။

*ဟင်...ငါ့အတွက်လား?*

ပန်းလေးတစ်ပွင့်ကိုကိုက်ချီကာယူလာပေးပြီးသူ့အနားမှာချ‌ေပးလိုက်တဲ့ယုန်‌လေးတစ်ကောင်ကြောင့်ကိုယ်ကိုကိုယ်လက်ညှိုးညွှန်ပြကာမေးလိုက်တော့မျက်နှာလေးကိုလက်နဲ့ပွတ်ကာခေါင်းလေးတဆက်ဆက်ညိမ့်ပြလာတာမလို့အံ့ဩသင့်သွားရသော်လည်းပြုံးကာပန်းလေးကိုကောက်ယူကာနားမှာပန်လိုက်သည်။

ဒါပေမယ့်ထိုပန်းလေးကတစုံတယောက်ရဲ့လက်ထဲ
ပါသွားတာမလို့ထိုလူကိုမော့ကြည့်လိုက်တော့ချောမောခန့်ညာသေားရုပ်ရည်အသွင်အပြင်နဲ့
တောင့်တင်သေားခန္တာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထားကာတော်ဝင်စစ်အဝတ်အစား‌ေတွကိုဝတ်ဆင်ထားကာမည်သူနည်းမသိသော်လည်းအမြန်မတ်တပ်ထရပ်ကာထိုလူကိုဦးညွှတ်ကာ...

*တောင်းပန်ပါတယ်လူကြီးမင်းရှိမှန်းမသိလို့ပါ...ကျွန်တော်အခုပဲထွက်သွားပေးပါမယ်လူကြီးမင်းကိုစိတ်အနှောက်အယှက်ဖြစ်စေမိပြီ....*

တကယ်ပဲထွက်သွားရန်ပြင်နေတာမလို့ကယ်ဗင်မှာ
လက်သေးသေးလေးကိုလှမ်းဆွဲလိုက်ကာတားလိုက်ပြီး...
*မလိုပါဘူးမင်းရှိနေတာကိုယ့်အတွက်အနှောက်အယှက်မဖြစ်စေဘူး*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now