arc-3:10ကျင်းချွမ်လု

1.4K 76 0
                                    

<Unicode>

*hello*

*Helloကျင်းကော....ကျွန်တော်သတင်းဆိုးတစ်ခုပြောစရာရှိလို့.....*

ချန်ဝူနဲ့အတူခြံထဲဆင်းကာစာဖတ်နေရင်းဖုန်းဝင်လာတာမလို့ကိုင်လိုက်တော့သူ့အတွင်းရေးမှုးဖြစ်သူဆက်တာမလို့ချွမ်လုကအဝင်ကောလ်ကိုလက်ခံလိုက်ပြီးတဖက်ကပြောလာသောစကားကြောင့်မျက်မှောင်ကြုံ့သွားသည်။

*တစ်ခုခုဖြစ်လို့လားရုံကျန်း....*

*တောင်းပန်ပါတယ်‌ကျင်းကော....ကျွန်တော့်တာဝန်မကျေပွန်လို့ဟွမ်စုရန်းကိုလွတ်မြောက်သွားစေမိပြီး*

*ဟွမ်စုရန်းကထောင်ဖောက်ပြေးသွားလို့လား*

*ဟုတ်တယ်ကျင်းကောကျွန်တော့်လူတွေကိုသူမကိုလိုက်ရှာခိုင်းထားတယ်ရဲတွေဘက်ကလည်းလိုက်ရှာနေကြတယ်*

*အင်း....ဘာမှမဖြစ်ဘူးသူမဘာသာသူမပြန်ပေါ်လာလိမ့်မယ်လွှတ်ထားလိုက်*

*ဟုတ်ကဲ့ပါကျင်းကော*

ခွမ်လုကျသွားတဲ့ဖုန်းကိုကြည့်ကာ‌နှခမ်းထောင့်ကိုကွေးညွှတ်လိုက်သည်။
မင်းတို့ကတူတူပုန်းတမ်းဆော့ချင်မှတော့‌ငါကလည်းဆော့ပေးရမှာပေါ့

*ဘယ်သူလဲလူကြီး...*

*ဘယ်သူမှမဟုတ်ပါဘူးအသက်ရယ်ရုံကျန်းပါကိုယ့်ကိုအလုပ်တွေအကြောင်းတင်ပြလာတာ...*

*အော်....ဟုတ်...*

ဒန်းပေါ်ထိုင်နေတဲ့ချွမ်လုနောက်မှာရပ်ကာချန်ဝူကပုခုံးကိုသိုင်းဖက်ကာမေးလာတာကြောင့်ချွမ်လုကပြုံးကာပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။

ချန်ဝူရဲ့အကြည့်တွေကချွမ်လုလည်တိုင်ထက်ကဆွဲကြိုးလေးထံ‌ေရာက်ရှိသွားကာခန္တာကိုယ်က‌ေကျာက်ရုပ်ပမာ‌ေတာင့်တင်းသွားပြီးဆွဲးကြိုး‌ေလးကိုလက်နဲ့အသာကိုင်ကြည့်ကာလူကြီးကိုအလျင်စလိုမေးလိုက်သည်။

*လူကြီး....လူကြီးဒီဆွဲးကြိုးကိုဘယ်ကရတာလဲဟင်*

*ဘာဖြစ်လို့လဲးသည်းညှာရဲ့...*

*သည်းညှာမေးတာပဲဖြေပါဒီဆွဲးကြိုးကိုဘယ်ကရတာလဲ*

*ဟင်း....ပြောရမယ်ဆိုကိုယ့်မိဘအရင်းတွေကိုယ့်ကိုပေးထားတာ....*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now