arc-4:9 ကျိန်းရှလုend

2K 81 0
                                        

<Unicode>

ရုတ်တရက်ချန်ချန်ကကျန်းဖုလန်ကိုဖမ်းဆွဲးကာဓားချွန်နဲ့လည်ပင်းထောက်ကာဖမ်းချုပ်လိုက်တာမလို့အားလုံးကထိတ်လန့်သွားသလိုမထင်မှတ်ထား၍ပြန်ခုခံချိန်မရလိုက်ပေ

*ချန်ချန်မင်းဘာလိုချင်လို့လဲ ..ကိုကို့ကိုလွှတ်လိုက်!*

*အဟက်...ဟားဟား....ဘာလို့လွှတ်ပေးရမှာလဲငါသတ်ပစ်မှာအားလုံးကိုသတ်ပစ်မှာ!....နင်တို့ကြောင့်ငါ့ဘဝပျက်စီးရတာလဲ*

*ဘာတွေပြောနေတာလဲချန်ချန်*

*ဟုတ်ပါတယ်ချန်ချန်ရယ်ပြောစရာရှိအေးဆေးပြောပါဖုန်လန်ကိုလွှတ်ပေးလိုက်ပါ*

*နင်တို့ရှေ့တိုးမလာကြနဲ့နော်...မဟုတ်ရင်ငါသူ့ကိုသတ်ပစ်လိုက်မှာ!*

အရှေ့ကိုတရွေ့ရွေ့တိုးလာတဲ့ကျန်းရှလုကြောင့်ချန်ချန်ကထောက်ထားတဲ့ဓားကိုအားထည့်လိုင်တာမလို့ထက်ရှတဲ့ဓားအသွားကပိုလို့နစ်ဝင်သွားကာအရာထင်သွားပြီးသွေးတို့စိပ်ထွက်လာသည် ။

*အာ့!*

*မလုပ်နဲ့...ချန်ချန်ငါတောင်းပန်ပါတယ်နင်ဘာလို့အငြိုးတွေထားနေရတာလဲ*

*အဲ့ဒါအားလုံးနင့်အမေကြောင့်သူ့ကြောင့်ပဲသူသာမပေါ်လာခဲ့ရင်ကျန်းစန်ကိုငါရမှာသူ‌ကငါ့လက်ထဲကကျိန်စန်ကိုလုယူသွားခဲ့တာ...သူသာ‌မပေါ်လာခဲ့ရင်ငါတို့ရဲ့စေ့စပ်ပွဲးကပျက်မှာမဟုတ်ဘူး!*

*ဟင်...ဝမ်စွမ်းလု!*

*ဟုတ်တယ်ငါကဝမ်စွမ်လုပဲနင့်အမေကြောင့်ငါချစ်ရသူနဲ့ကွဲကွာရတာ!*

ဝမ်စွမ်လုကသူ့ဖခင်နဲ့ငယ်ငယ်တုန်းကစေ့စပ်ထားတဲ့သူဖြစ်ကာကျိန်းစန်ကိုအလွန်ချစ်ခဲ့သည်။
ဒါပေမယ့်သူမကိုကျိန်းစန်ကညီမတစ်ယောက်လိုသာသဘောထားခဲ့တာဖြစ်သည်။

အရွယ်တွေရောက်လာကျိန်းစန်ကသူ့ချစ်ရသူကိုတွေ့ရှိသွားကာစေ့စပ်ပွဲးကိုဖျက်သိမ်းခဲ့ကာအနူးအညွှတ်တောင်းပန်ခဲ့ကာသူ့ရဲ့လက်ရှိဇနီးကျိန်းကျူဇီတဖြစ်လည်းချင်ကျူဇီနဲ့လက်ထပ်ခဲ့ကာသာယာတဲ့အိမ်ထောင်တစ်ခုကိုထူထောင်ခဲ့သည်။

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now