<Unicode>
ဇာ့ဂ်အထီးကသက်ပြင်းချကာအမိန့်ပေးလိုက်သည်။
ထိုဇာ့ဂ်အထီးကDamian(ဒေမီယန်)ဖြစ်ကာဇာ့ဂ်တွေရဲ့ဘုရင်ဖြစ်တဲ့ရွိုက်ခါရဲ့ညီဖြစ်သည်။
ဒေမီယန်ကSSအဆင့်စိတ်စွမ်းအားကိုပိုင်ဆိုင်ထားသော်လည်းဇာ့ဂ်တော်ဝင်မိသားစုရဲ့စည်းကမ်းတွေအရအကြီးဆုံးဇာ့ဂ်အထီးကသာဘုရင်ဖြစ်ခွင့်ရှိတာမလို့ရွိုက်ခါကဇာ့ဂ်ဘုရင်ဖြစ်သွားခြင်းဖြစ်သည်။
ဒေမီယန်ကသူ့အကိုကိုမနာလိုဝန်တိုခြင်းမရှိသူ့အကိုကိုအရမ်းချစ်သည်။
ထိုကြောင့်လည်းအကိုဖြစ်သူပျောက်ဆုံးနေမှုအတွက်အလွန်စိုးရိန်နေတာဖြစ်သည်။
ဇာ့ဂ်တော်ဝင်မျိုးနွယ်တွေအားလုံးကလူသားတွေနဲ့အသွင်အပြင်တူညီကြကာအနီရောင်မျက်စံတွေကသာဇာ့ဂ်တွေနဲ့တူညီကြတာဖြစ်သည်။
T....T.... T.... T.... T
အဆက်မပြက်မည်လာသောအသိပေးချက်ကအသံတွေကြောင့်အကုန်လုံးရဲ့နောက်ကျာတွေကတောင့်တင်းသွားကြကာအရှင်များလားဟုအပေးချက်ထွက်ပေါ်ရာယာဉ်မောင်းနေရာကိုအမြန်သွားကာကြည့်လိုက်သည်။
အမှန်တကယ့်ကိုအရှင်ရဲ့စိတ်စွမ်းအားတွေဖြစ်နေတာမလို့အကုန်လုံးရဲ့မျက်နှာကတောက်ပသွားသည်။
ဒေမီယန်ခန့်မှန်းတာမမှားပေအရှင်ကတကယ့်ကိုလူသားတွေနေတဲ့မေဗ့်ဂြိုလ်မှာကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။
*အမြန်....အဲ့ဒီအချက်ပြနေတဲ့နေရာကိုအမြန်သွား!*
*ဟုတ်ကဲ့ပါအရှင်ဒေမီယန်*
ဒေမီယန်ကစိတ်လှုပ်ရှားစွာအမိန့်ပေးလိုက်တော့အာကာသယာဉ်ကိုမောင်းနှင်းနေရတဲပေးလိုက်တော့အာကာသယာဉ်ကိုမောင်းနှင်းနေရတဲ့ဇာ့ဂ်အထီးကခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်အာကာသထဲရပ်နားထားတဲ့အာကာသယာဉ်ကအလင်းရဲ့အမြန်နှုန်းနဲ့
မေဗ့်ဂြိုလ်ကိုနောက်တစ်ခေါက်ထွက်ခွာသွားလေသည်။
အာကာသယာဉ်ကြီးကမေဗ့်ဂြိုလ်ရဲ့အကာအကွယ်လွှာကိုထိတာနဲ့မေဗ့်ဂြိုလ်ကြီးတစ်ခုလုံးအချက်ပေးသံတွေထွက်ပေါ်လာကာချစ်ကြည်နူးနေကြတဲ့ဆရီနာနဲ့ဗယ်လန်တီနိုကလည်းစိတ်စွမ်းအားရှင်တွေနဲ့အတူအချက်ပေးသံထွက်ပေါ်ရာနေရာဆီသို့အာကာသယာဉ်ပျံစီးကာထွက်ခွာသွားတော့သည်။
