<Unicode>
အော်သံကသွမ်ချင်းရုံထဲကမဟုတ်ပဲလျန်ချူးယွီထံမှဖြစ်ကာသွေးတွေကဖြာထွက်လာပြီးလျန်ချူးယွီရဲ့လက်ကပြတ်ထွက်သွားကာအဝေးသို့လွင့်ထွက်သွားကာလျန်ချူးယွီရဲ့ခန္တာကိုယ်ကတစုံတယောက်ရဲ့ကန်ထုပ်ခြင်းကိုခံလိုက်ရကာအဝေးသို့လွင့်ထွက်သွားလေသည်။
*အ..အရှင်!...*
လျန်ရှင်းရဲ့ထိတ်လန့်တကြားအော်သံကထွက်ပေါ်လာကာသွမ်ချင်းရုံရဲ့ပိတ်ပင်ထားတဲ့မျက်ဝန်းတွေကဖွင့်လှစ်လာကာသူ့အနားကလူကိုမော့ကြည့်လိုက်သည်။
ဖန်စုံရှင်းကသွမ်ချင်းရုံကိုဖမ်းထားတဲ့ရဲမတ်တွေကိုသတ်ပစ်လိုက်ကာမေ့လဲသွားတဲ့ချစ်ရသူလေးကိုပွေ့ဖက်လိုက်ကာပွေ့ချီလိုက်သည်။
*သူတို့အားလုံးကိုဖမ်းလိုက်ကြ...*
ဖန်စုံရှင်းသူနဲ့အတူပါလာတဲ့အနက်ရောင်အဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့အရိပ်တပ်သားတွေကိုအမိန့်ပေးလိုက်သည်။
သူနောက်ကျေနရသည့်အကြောင်းအရင်းကာသူတစ်ယောက်ထဲရှောင်ယွီးရွာကဓားပြတွေကိုသတ်ပစ်ခဲ့ပြီးအမြန်ဆုံးအရှိန်နဲ့ပြန်လာသော်လည်းအနည်းအကျင်းတော့နောက်ကျမှုကရှိသွားရစမြဲပင်...သူနောက်ကျသွားသည့်အတွက်လည်းသူ့ချစ်ရသူလေးကိုထိခိုက်စေခဲ့မိခြင်းပင်ဖြစ်သည်။
*အား...ဘာလို့လဲရှောင်းကျန့်...ဘာလို့ငါမဟုတ်ရတာလဲ...ဘာလို့မင်းချစ်တဲ့သူကငါမဟုတ်ရတာလဲ!*တဖက်လူရဲ့စကားတွေထဲကသူ့ရဲ့နမည်ကိုကြားလိုက်ရတာမလို့ရှောင်းကျန့်ရဲ့လှုပ်ရှားမှုတွေကရပ်တန့်သွားကာမျက်ဝန်းတို့ကမှေးကျဉ်းသွားကာ...
*မင်းကဘယ်သူလဲ?....ငါ့နာမည်ကိုဘယ်လိုသိတာလဲ!*
*အဟက်...ဟုတ်နေတာပဲမင်းရဲ့မှတ်ဉာဏ်တွေကိုချိတ်ပိတ်ထားတာပဲ*
လျန်ရှင်းရဲ့စကားအဆုံးရှောင်းကျန့်ရဲ့မျက်လုံးတွေ
ကအနီရောင်တောက်ပလာကာမမြင်နိုင်တဲ့အရှိန်အဝါတွေကသူ့ဘေးပတ်ပတ်လည်မှာပေါ်ပေါက်လာကာကမ္ဘာကြီးတစ်ခုလုံးကအချိန်ယန္တရာကရပ်တန့်သွားကာလျန်ရှင်းနဲ့ရှောင်းကျန့်သာပုံမှန်အတိုင်းတည်ရှိနေတာဖြစ်သည်။