arc-8:9ရွိုက်ခါend

876 43 0
                                    

<Unicode>

ဇာ့ဂ်တွေရဲ့ရွိုက်ခါအပေါ်ယုံကြည်လေးစားမှုပတိုးလာကာမယုံကြည်နိုင်စွာပြောလိုက်ကြကာအချင်းချင်းတီးတိုးပြောကုန်ကြသည်။

ရွိုက်ခါကသူ့ရဲ့စိတ်စွမ်းအားတွေကိုဆရီနာရဲ့ဦးနှောက်ထဲအတင်းထိုးထည့်ကာသူ့ကိုတားဆီးနေတဲ့စိတ်စွမ်းအားတွေကိုထိုးဖောက်ကာမှတ်ဉာဏ်တွေကိုမွှေနောက်ကြည့်လိုက်ကာဆရီနာလီယွန်ကိုအယုံသွင်းကာခိုင်းထားတဲ့မှတ်ဉာဏ်တွေကိုဆွဲထုပ်လိုက်ကာအားလုံးရှေ့မှာမှတ်ဉာဏ်တွေကိုဖွင့်လှစ်လိုက်သည်။

*လီယွန်...*

*အွန်း...ရီနာဘာပြောမလို့လဲ?*

*ငါဒီနေ့အံ့ဩစရာတစ်ခုတွေ့ခဲ့တယ်သိလား....*

*ဟင်...ဟုတ်လားငါ့လည်းပြောပြပါအုံး*

မှတ်ဉာဏ်အပိုင်းအစတွေကရုပ်ပုံဘောင်တစ်ခုအဖြစ်ပြောင်းလဲသွားကာဖန်သာပြင်လိုဖြစ်သွားကာဆရီနာရဲ့မှတ်ဉာဏ်တွေထဲကပုံရိပ်တွေကပေါ်ထွက်သည်။

မှတ်ဉာဏ်တွေကဆရီနာအမြင်ဘက်ကဖြစ်တာမလို့ဖန်သာပြင်းထက်မှာဆရီနာကကုတင်ပေါ်ထိုင်နေကာသူ့အပေါ်ကုတင်ပေါ်ကလီယွန်ကိုလှမ်းပြောလိုက်ကာနှစ်ယောက်သားစကားစမြည်ပြောနေကြသည်။

*အဲ့ဒါက ....ဟို....ဗယ်လန်ကငါ့ကိုသဘောကျနေတာတဲ့*

*ဟင်...*

*ဟုတ်တယ်...ငါလည်းအခုမှသိတာဒါပေမယ့်ငါကဗယ်လန်ကိုသဘောမကျဘူး....နင်ငါ့ကိုတစ်ခုကူညီပါလား...*

*အွန်း...ပြောလေငါဘာကူညီပေးရမလဲ*

*ဒီလိုဟာ...ဗယ်လန်ကိုငါ့မကောင်းကြောင်းတွေပြောပြီးငါ့အပေါ်စိတ်ပျက်ပြီးမချစ်တော့အောင်လုပ်ပေးပါလား ...သူငါ့ကိုမချစ်တော့ရင်နင့်ကိုသဘောကျချင်ကျလာမှာ*

*အင်းပါ...ငါကူညီပါမယ်...ဒါပေမယ့်နင့်မှာကမကောင်းတဲ့အချက်တွေမှမရှိတာငါကဘယ်လိုပြောရမှာလဲ?*

*အမယ်...နင်ကငါ့မှာမကောင်းတဲ့အချက်တွေမရှိဘူးလို့ထင်တယ်ပေါ့*

*ဒါပေါ့...နင်ကကမ္ဘာပေါ်မှာငါ့အတွက်အကောင်းဆုံးသူငယ်ချင်းပဲ*

systemထဲးမှာအပန်းဖြေမယ်Where stories live. Discover now