<Unicode>
*hello hostပြန်တွေ့ရတာဝမ်းသာပါတယ်*
အမဲလုံးရဲ့အသံကိုကြားလိုက်ရတာမလို့ရိပေါ်ကိုက်ခဲနေတဲ့ခေါင်းကိုဖိကာမျက်လုံးဖွင့်လိုက်ပြီးသူရောက်ရှိနေတဲ့နေရာကိုကြည့်လိုက်သည်။
သူရောက်နေတဲ့ေနရာကပန်းဥယာဉ်တစ်ခုအတွင်းဖြစ်ကာမင်သက်ဖွယ်ကောင်းအောင်လှပလွန်းသည့်ပန်းအမျိုးအစားတွေအများအပြားကိုစိုက်ပျိုးထားပြီးအများစုကသူမသိသည့်ပန်းတွေချည်းသာ....
*ဟမ်...အမဲလုံးအဲ့ဒါမင်းလား?*
*အဟမ်း....ဟုတ်ပါတယ်hostကျွန်တော်နာမည်အရင်းကဝေ့ဝူရှန်းပါ..ဝေ့ရင်းလို့ခေါ်နိုင်ပါတယ်*
သူ့မရီးတော်ရဲ့အမဲလုံးဆိုတဲ့နာမ်စားကြောင့်ဝေရင်းမအီမလည်နဲ့ပြန်ဖြေလိုက်ရသည်။
သူကအနက်ရောင်ကြိုက်လိုအနက်ရောင်အမွှေးပွလုံးရွေးကာမှအမဲလုံးလို့အမည်တွင်ရသည့်သူ့အဖြစ်...
*အဲ့...ဒါနဲ့ဘာလို့မင်းကပထမကမ္ဘာကလူကြီးမျက်နှာနဲ့ဆင်နေရတာလဲ*
ရိပေါ်ရဲ့နားမလည်စွာမေးတဲ့စကားကြောင့်ဝေ့ရင်းကမျက်လုံးလှိမ့်လိုက်ကာ...
*ကျွန်တော်တို့ကအမွှာတွေလေ...အဲ့ဒါကြောင့်ရုပ်ချင်းတူနေတာ...*
*ဝိုး...ဒါဆိုလူကြီးရဲ့ပထမကမ္ဘာကလူကြီးရဲ့မျက်နှာအစစ်လား*
*ဟုတ်ပါတယ်...အခုကျွန်တော်က...အဟမ်း...မရီးကိုအကိုတော်ဆီလိုက်ပို့ပေးမယ်*
*လခွမ်း...ဘာကိုမရီးလဲ...*
*ဟာ...ဟုတ်တယ်လေhostကအခုကျွန်တော့်အကိုရဲ့သက်ဆိုင်သူဖြစ်နေပြီလေ...အဲ့တာကိုမရီးလို့မခေါ်လို့ဘယ်လိုခေါ်ရမလဲ...*
*မခေါ်နဲ့...ငါကမိန်းခလေးမှမဟုတ်တာချည်းကိုရိပေါ်လို့ပဲခေါ်...*
ရိပေါ်မကျေမနပ်ပြောလိုက်မှဝေ့ရင်းကစပ်ဖြဲဖြဲနဲ့ခေါင်းညိမ့်ပြလာသည်။
*အင်းပါ ..ရိပေါ်လို့ပဲခေါ်တော့မယ်..ဒါဆိုအခုအကိုတော်ဆီကိုလိုက်ပို့ပေးမယ်*
*အင်း...အင်း...မြန်မြန်သွားကြရအောင်လူကြီးကိုတွေ့ချင်နေပြီ*
*သွားကြမယ်..*
*အဲ့....ဘယ်ကိုရောက်လာတာလဲး?*
