<Unicode>
*ဟင်!..လန်စစ်မင်းချီသိပ်သည်းခြင်းဒုတိယအဆင့်ကိုတောင်ရောက်သွားပြီ?*
အခန်းထဲကပြိုင်တူထွက်လာမိတဲ့ဆရာတပည့်နှစ်ယောက်ဆုံသွားကြကာလန်လင်ကသူ့တပည့်လေးရဲ့ကြင့်ကြံဆင့်ကိုကြည့်ကာအံ့ဩသင့်ကာထိတ်လန့်သွားရသည်။
တစ်ညလေးကြင့်ကြံလိုက်တာအဆင့်ကြီးတစ်ဆင့်နဲ့အဆင့်သေး၂ဆင့်ကိုတောင်ကျော်တက်သွားတယ်
ဘယ်လိုတောင်ထိတ်လန့်ဖွယ်ကောင်းတဲ့အမြန်နှုန်းလည်း!
လန်လင်ကအံ့ဩသင့်နေပင်မယ့်လန်စစ်ကတော့ထူးဆန်းထွေလာဖြစ်မနေပေသူကသူ့အချစ်လေးအံ့ဩသင့်သွားတာတွေ့တော့ကျေနပ်သွားသော်လည်းခေါင်းညိမ့်ပြကာသေချာပြန်ဖြေလိုက်သည်။
*ဟုတ်တယ်ရှစ်စွင်းဘာဖြစ်လို့လဲ?*
*ဘာမှမဖြစ်ပါဘူး...တညထဲနဲ့ဒီအဆင့်ကိုရောက်ရှိသွားတာအရမ်းအံ့ဩသွားလို့...ရော့...ဒါကမင်းအတွက်ကျင့်စဉ်တွေရှစ်စွင်းသေချာရွေးချယ်ပေးထားတာ*
လန်စစ်ကျင့်စဉ်တွေကိုသေချာယူကာနာမည်တွေကိုဖတ်ကြည့်လိုက်သည်။
ကျင့်စဉ်စာအုပ်သုံးအုပ်ရှိကာတစ်အုပ်ကနတ်နဂါးကိုယ်ထည်ကျင့်စဉ်ဖြစ်ကာထိုကျင့်စဉ်ကိုအဆုံးထိကြင့်ကြံပြီးပါကနဂါးပုံသဏ္ဍာန်ပြောင်းလဲတိုက်ခိုက်နိုင်မှာဖြစ်သည်။
နောက်ကျင့်စဉ်ကတော့အမြန်နှုန်းကိုမြင့်တင်ပေးနိုင်တဲ့ကျင့်စဉ်ဖြစ်ကာနောက်တစ်ခုကတော့တိုက်ခိုက်ရေးကျင့်စဉ်တစ်ခုဖြစ်သည်။
လန်စစ်ရှစ်စွင်းကိုကျေးဇူးတင်စကားအမြန်ပြောကာချက်ပြုတ်ရန်စာဖိုဆောင်ကိုသွားလိုက်သည်။
မနက်စာပြင်ဆင်ပြီးသည်နှင့်ရှစ်စွင်းနဲ့အတူမနက်စာစားလိုက်ကာကျင့်ကြံရန်အဆောင်ငယ်ေရှ့ကကျောက်တုံးဆီသွားကာကျောက်တုံးပေါ်ထိုင်ချလိုက်သည်။
နတ်နဂါးကျင့်စဉ်စာအုပ်ကိုအရင်ဦးဆုံးလေ့လာလိုက်သည်။
ခဏတွင်းချင်းဉာဏ်အလင်းပွင့်သွားကာကျင့်စဉ်ထဲကအဓိကအချက်တွေအားလုံးကိုသိရှိသွားကာနတ်နဂါးကျင့်စဉ်ရဲ့အမြင့်ဆုံးအဆင့်ထိကျင့်ကြံပြီးစီးသွားသည်။
ကျန်တဲ့ကျင့်စဉ်တွေကိုလည်းထိုကဲ့သို့ပင်နာရီဝက်ထဲနဲ့ကျင့်စဉ်သုံးခုကိုပြီးမြောက်အောင်မြင်သွားသည်။
