<Unicode>
ထိုလူကbateဖြစ်နိုင်လို့လားဒီလောက်ပြီးပြည့်စုံနေသူကbateတဲ့လား
........ဖျောက်.......
*ဟေ့....ချာတိတ်အထဲဝင်ပြီးလာရင်းကိစ္စမဆွေးနွေးတော့ဘူးလား...အပေါက်ဝမှာပဲရပ်နေတာ့မှာလား*
လက်ဖျောက်တီးသံတစ်ချက်နဲ့ပြုံးကာပြောလာသူရဲ့စကားကြားကာမှအသိဝင်လာကာကိုယ်ကိုအကြိမ်ကြိမ်ကိုင်းညွတ်ကာအရိုအသေပေးကာတောင်းပန်လိုက်သည်။
*အာ...တောင်းပန်းပါတယ်ဥက္ကဌကျင်...*
*မလိုပါဘူးကွာ....အထဲဝင်ခဲ့လေ*
ချန်ဝူခေါင်းတဆက်ဆက်ညိမ့်ပြလိုက်ကာအထဲလိုက်ဝင်သွားလိုက်သည်။
အခန်းအပြင်အဆင်ကအရမ်းမိုက်ကာမှောင်မှိက်နေသည့်အနက်ရောင်ကိုသာအဓိကထားအသုံးပြုထားတာမလို့အထီးကျန်ဆန်မှုကိုလည်းတနည်းတဖုံးဖော်ပြနေသည်။ချန်ဝူဝီချဲသုံးကာအရှေ့ကသွားနေသောဥက္ကဌကျင်ကိုကြည့်ကာအားနာစိတ်တွေကဝင်ရောက်လာသည်။
သူသာရှန်းပြီးကားဘရိတ်မှားမဖျက်မိပါကဥက္ကဌကျင်ထိုသို့ဖြစ်စရာအကြောင်းမရှိပေ
ချန်ဝူကလူဇိုးလေးဖြစ်နေပေသော်ငြားသူ့မှာအသည်းနှလုံးမရှိသူမဟုတ်ပေဥက္ကဌကျင်ကသူ့ကိုကောင်းမွန်စွာဆက်ဆံပေးနေသည်မှာသူကဥက္ကဌကျင်ရဲ့ကားဘရိတ်ကြိုးဖျက်တဲ့သူဆိုတာမသိသေး၍ဖြစ်နိုင်သည်။
တစ်ခုသူစဉ်းစား၍မရသည်ကဥက္ကဌကျင်ကသူ့လိုပဲလူတိုင်းကိုရင်းနှီဖော်ရွေစွာဆက်ဆံတတ်ကာလူတိုင်းကိုသူ့အိမ်ထဲပေးဝင်တတ်တာလားဆိုတာကိုပင်*ကဲ...ပြောပါအုံးကိုယ့်ဆီရောက်လာရတဲ့မင်းရဲ့ရည်ရွယ်ချက်က...*
*ကျွန်တော်ရောက်လာတာကဥက္ကဌကျင်ကိုတောင်းပန်ချင်လို့ပါ.....*
ချန်ဝူဆိုဖာမှာဝင်ထိုင်လိုက်ကာခေါင်းငုံ့ကာပြောလိုက်သည်။
*တကယ်တော့ဥက္ကဌကျင်ရဲ့ကားကိုဘရိတ်ဖျက်လိုက်တာကကျွန်တော်ပါ....ကျွန်တော်ဥက္ကဌကျင်ရဲ့ကားမှန်းတကယ့်ကိုမသိရိုးအမှန်ပါ....အဲ့ဒီအတွက်လည်းတောင်းပန်ပါတယ်ဥက္ကဌကျင်ကြိုက်သလိုစီရင်နိုင်ပါတယ်...ကျိုးလုပ်ငန်းစုနဲ့ဘာမှမဆိုင်ပါဘူး!*
YOU ARE READING
systemထဲးမှာအပန်းဖြေမယ်
Fiksi Penggemar#Zhanyi #xiaowang #xiaozhan #wangyibo #myanmar