<Unicode>
အီသန်မနိုးခင်ကယ်ဗင်ကအရင်နိုးလာကာအချိန်ကိုကြည့်လိုက်တော့နေ့ခင်းပင်ရောက်လို့နေပြီတဲထဲဝေ့ဝဲကြည့်လိုက်ေတာ့စားစရာေတွကိုတွေ့လိုက်ရတာမလို့သူတို့အိပ်နေတုန်းလာပို့သွားမှန်းသိလိုက်ကာသူ့အချစ်ေလးရဲ့ခန္တာကိုယ်ကအနည်းငယ်နွေးချင်နေတဲ့အတွက်ရေပတ်တိုက်ပေးရန်အပြင်ထွက်ကာကြုံရာစစ်သားတစ်ယောက်ကိုရေဇလုံထဲရေထည့်ကာပဝါသန့်သန့်လေးပါယူလာပေးရန်တောင်းဆိုလိုက်ပြီး
တဲထဲပြန်မဝင်ခင်စားဖိုဆောင်ကိုသွားကာအာဟာရရှိစေမယ့်ဆန်ပြုတ်ပြုတ်ပေးရန်ပါပြောလိုက်သည်။
သူနေမကောင်းဖြစ်နေသည်ဟုထင်ကာစိုးရိန်စွာမေးနေကြသောစားဖိုမှုးအဒေါ်ကြီးတွေကိုလည်းသူ့သည်းညှာနေမကောင်းတာဖြစ်ကြောင်းရှင်းပြလိုက်ရသေးသည်။ပြီးတော့ကုသရေးအဆောင်ကိုသွားကာကိုယ်ပူကျဆေးတချို့ကိုယူလာကာယာယီတဲဆီပြန်လာခဲ့လိုက်သည်။
ယာယီတဲကိုပြန်ရောက်တော့စစ်သားကောင်ေလးကေစာင့်ဆိုင်းေနတာမလို့သူ့လက်ထဲကရေဇလုံကိုသေချာယူလိုက်ကာကျေးဇူးတင်စကားပြောကာတဲထဲပြန်ဝင်လာခဲ့လိုက်သည်။သူ့အချစ်လေးရဲ့အဝတ်အစားတွေကိုချွတ်ပေးလိုက်ကာရေပတ်တိုက်ပေးလိုက်သည်။
ယခုချိန်သာတစ်ယောက်တွေ့ရမည့်မြင်ကွင်မှာစစ်သူကြီးကယ်ဗင်ကသူ့ရဲ့ဇနီးလေးကိုရေပတ်တိုက်ပေးနေရင်းချွေးစေးတွေကျကာအံ့ခဏခဏကြိတ်နေကြသည့်မြင်ကိုတွေ့ရမှာမလွဲမသွေပင်ရေပတ်တိုက်ပေးပြီးလို့အဝတ်အစားပြန်ဝတ်ပေးပြီးမှကယ်ဗင်အသက်ဝဝရှုနိုင်သည်။
တစ်ကိုယ်လုံးလည်းချွေးတွေနဲ့မလို့ရေချိုးရန်အတွက်စမ်းချောင်းကိုပြန်လာကာအချိန်မဆွဲပဲရေအမြန်ချိုးချလိုက်ကာစခန်းပြန်လာခဲ့လိုက်သည်။စခန်းရောက်တော့တစ်ခါတည်းဆန်ပြုတ်ကိုပါဝင်ယူခဲ့လိုက်သည်။
ယာယီတဲရောက်တော့သူ့အသက်လေးကနိုးနေပြီဖြစ်ကာအိပ်ချင်မူးတူးနဲ့သူ့ကိုမကျေမနပ်ကြည့်နေတာကိုတွေ့လိုက်ရတာမလို့ကယ်ဗင်ဆန်ပြုတ်ပန်ကန်ကိုစာပွဲးေပါ်တင်ကာအမြန်အနားသွားပြီးမေးလိုက်သည်။