အပုိင္း ၁

25K 837 28
                                    

(Unicode)ဆောင်းလရာသီ ဒီဇင်ဘာလမှာ တက္ကသိုလ်တွေပြန်ဖွင့်ကြပြီပေါ့။.

တက္ကသိုလ်တက်ရောက်ရမည့်သူတွေမှာလည်း တက္ကသိုလ်ကြီးဆီသို့ ဖောင်ဖြည့်သူ သွားသူ လာသူများနှင့်ရှူပ်ရှူပ်ခတ်လာလေပြီ။

ခါတိုင်းကခြောက်သွေ့နေခဲ့သောအဓိပတိလမ်းလေးဟာ ပြန်လည်ပြီး သွားသူလာသူများကြောင့် အသက်ဝင်လာခဲ့လေသည်။

ကျောင်းစတက်ရမယ့် first yearတစ်ချို့မှာလည်း မလည်မဝယ်နဲ့ ကျောင်းကြီးဆီသို့ရောက်လာကြလေသည်။ ကျောင်းထဲသို့ဝင်ထွက်သွားလူသူများကိုကြည့်လျှင် အတန်းကြီး အတန်းငယ်ဆိုတာ အဝတ်အစားဒီဇိုင်းကိုကြည့်လျှင်ပင်သိနိုင်သည်။

ပထမနှစ်လေးတွေမှာ ပုံတုံးလေးတွေ တက္ကသိုလ်အထာကိုမသိကြသေးသောအဖြူထည်ကလေးများသာဖြစ်သည်။😁

အတန်းကြီးတွေကတော့ လူလည်တွေဖြစ်ပြီး တက္ကသိုလ်အကြောင်းပါးနပ်စွာသိကာ စတိုင်ကျကျနေတတ်သူများဖြစ်ကြသည်။

စီးပွားရေးတက္ကသိုလ် (မုံရွာ)

ကျောင်းစဖွင့်တဲ့နေ့မှာပဲအထူးခြားဆုံး ပုံအတုံးဆုံးလူသားတစ်ယောက်ကိုတွေ့လိုက်ရပါပြီ။ ပုဆိုးတိုတိုနှင့် အကျႌအနွေးထည်တစ်ထည်နှှင့်၊ ကချင်လွယ်အိတ်လွယ်ကာ မျက်မှန်ပလင်းဖင်တစ်လက်နှင့် ပထမနှစ်ကျောင်းသားတစ်ယောက်။....မင်းစေရာ.လို့အမည်ရတဲ့ကျောင်းသားပါ....

သူ့ကိုယ်သူ ဂရုမစိုက်နိုင်ပဲ စင်္ကြတစ်လျှောက်လမ်းလျှောက်လာသည်။ ရှည်လျားလှသောစင်္ကြကိုလျှောက်ရ၍သူ့နဖူးတွင်ချွေးသီးသီးကျလာသည်။ ဆံပင်မှာလည်း ဆုတ်ဖွာနေ၍ သူ့ပုံစံမှာ.နွားကျောင်းသားနှင့်ပင်တူသည်။

"အဆောင် ၁၀ရောက်ဖို့လိုသေးတာလားကွာ မောတာ လခွမ်း"

မောမောနဲ့လျှောက်လာစဉ် သူ့ပုခုံးပေါ်သို့တစ်ယောက်ယောက်လက်လှမ်းတင်လိုက်၍ သူလှည့်ကြည့်မိပါသည်။

"ဟေ့ မင်းfirst yearမလား"

ထိုကောင်လေးကလည်း သူနှင့်အရပ်မတိမ်းမယိမ်း...hoddieအဖြူရောင်နှင့် ဘောင်းဘီတိုနှင့်.....အံ့သြစရာလူသားတစ်ယောက်ပင်။ ဆောင်းရာသီတွင်ဘောင်းဘီရှည်ဝတ်ဖိုသူမေ့ခဲ့သည်ထင့်😁😁 သူသည်အညာသားတစ်ယောက်မဖြစ်နိုင် အသားမှာလည်းဖြူစွတ်နေပေ၏။

ေခ်...ေခ်...ေခ်...(complete) Donde viven las historias. Descúbrelo ahora