(Uni) checkလက်မှတ်သုံးဆောင်ကို စားပွဲခုံပေါ်တင်လိုက်တာကြောင့် နှင်းမိဘတွေကြောင်လို့နေသည်။ ဦးမြင့်မောင်ကတော့တည်ကြည်စွာပြုံးပြနေ၏။
"တင်ခဲ့တဲ့အကြွေးတွေကိုပြန်ဆပ်တာပါ အခုရှယ်ယာဈေးတွေကတော်တော်လေးတက်နေတော့ လုပ်ငန်းအဆင်ပြေလာပါပြီ ဒီတလောကူညီခဲ့တာကျေးဇူးတင်ပါတယ်နော် "
"ရပါတယ်ရှင်.....ဒါနဲ့သားရေးသမီးရေးကိစ္စဘယ်လိုလုပ်ကြမလဲ"
မိဘတွေစကားပြောနေတဲ့အချိန် နှင်းတစ်ယောက်မှာအပြင်ကနေခိုးနားထောင်နေရသည်။
"သမီးလေးကတော့ပြောပါတယ် ကိုမြင့်မောင်ရဲ့သားကအဲ့လိုလူမဟုတ်ဘူးတဲ့ ကျွန်မတို့ဘက်ကြောင့်စေ့စပ်ပွဲပျက်သွားတာတောင်းပန်ပါတယ် "
"ရပါတယ်....မလိုပါဘူး....သားကနဂိုကတည်းကအဲ့ဒီလိုပါ ပြီးတော့အခုသူ့မှာချစ်ရတဲ့သူလည်းရှိနေပြီဆိုတော့ ဒီမင်္ဂလာပွဲကအဆင်မပြေနိုင်တော့ဘူးထင်တယ်"
"သြော်.....ဟုတ်လား......."
"ဒီမင်္ဂလာပွဲကိစ္စကိုမရှိခဲ့ဘူးလို့ပဲသဘောထားလိုက်ပါ့မယ် ခွင့်ပြုပါဦး"
မိဘတွေကလည်းအစကတည်းက နှင်းနဲ့သိပ်ပြီးသဘောတူသည့်ပုံမပေါ်ပေ။ ကြည်ဖြူ စွာလက်ခံလိုက်လေသည်။
သွက်သွက်ခါအောင်ရူးနေသူကသူ့သမီးဆိုတာသူတို့မသိ။
*ဘယ်လိုလုပ်မလဲ အဲ့ဒါဆို ငါသက်တံ့ကိုမရနိုင်တော့ဘူးလား ဟင့်အင်း.....ငါသက်တံ့ကိုပိုင်ရမယ်....သူကအခုဘယ်မှာလဲ...အိမ်မှာလည်းမရှိဘူး....ဘယ်ရောက်နေတာလဲ သက်တံ့ ကျွန်မရှင့်ကိုမရရအောင်ရှာမယ်.. အဲ့ဒီကောင်စုတ်လက်ထဲကနေရှင့်ကိုပြန်ဆွဲခေါ်မယ်ဆိုတာရှင်စောင့်ကြည့်လိုက်ပါ....*
သူတို့နှစ်ယောက်ကနဂိုကတည်းကပဲ ကံမပါတာလား............
တစ်ခုပြီးတစ်ခုပြသနာကြုံရမြဲ.........
သူတို့နှစ်ယောက်ချစ်ဖို့ကလည်း မလွယ်ခဲ့သလို.....မိဘတွေသဘောတူအောင်လည်းမနည်းလုပ်ခဲ့ရသည်.........
သက်တံ့အဖေကသဘောတူပြန်တော့......ရောင်စဉ်အမေကထဖောက်ပြန်သည်..........😒😒
YOU ARE READING
ေခ်...ေခ်...ေခ်...(complete)
Romanceနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
