အပိုင္း၅၁

4.8K 410 11
                                        

[Unicode] ကျောင်းလည်းဖွင့်နေပြီမို့ သက်တံ့ မုံရွာသို့သွားဖို့တက်ကြွနေပေသည်။

သက်တံ့တစ်ယောက် အထုပ်တွေကိုကားပေါ်တင်နေစဉ် နှင်းပြာယာပြာယာနဲ့ ပြေးလာလေသည်။

"သက်တံ့.......သွားတော့မှာလား...."....

နှင်းမျက်နှာမြင်တော့ အတွေးလေးနဲ့ပြုံးနေတဲ့သက်တံ့အပြုံးတော့ ကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီး ရုပ်ပြန်တည်သွားလေသည်။

"အင်း....ငါ့ရှေ့ကဖယ်...."

"ဟင့်အင်း......ခါတိုင်းလည်းလိုက်ပို့နေကျလေ.....ခုလည်းလိုက်မယ်နော်...."

"တော်ပါ.....မင်းငါ့ကိုတစ်ချိန်လုံးခြိမ်းခြောက်ပြီး စိတ်ဒုက္ခပေးနေတာ မလိုက်ခဲ့နဲ့"

"တော်ပြီကွာ.....နောက်ဆုံးနှစ်ပဲဟာ...လိုက်ခဲ့ပါရစေ နော်နော်.."

အခုကျကလေးတစ်ယောက်လိုချွဲနွဲ့ပြီးအတင်းပူဆာနေတာကြောင့် နားညီးလှ၍ သက်တံ့ကားပေါ်တင်ခေါ်ခဲ့လေသည်။

*ကြည့်ဦး.....ကျောင်းဖွင့်တာဖြင့်ငါးရက်ရှိပြီ....မလာသေးဘူး.....
လွမ်းတယ်လို့....😋သူရောက်လာရင်ပါးကိုအသေဆွဲဖြဲပစ်မယ် *

ရောင်စဉ်တစ်ယောက် အဆောင်ကိုစောလင့်စွာရောက်ရှိနေပြီး ကြီးမားသောအတွေးကိုတွေးနေပေသည်။.

အဆောင်အပြင်ထွက်ပြီးလျှောက်သွားလိုက်နှင့် အထီးကျန်ဆန်နေသည်။ သက်တံ့နဲ့ရန်ဖြစ်ခဲ့သော ကန်တင်းကဆိုင်လေး....

သူတို့စာသင်ခန်းလေး....မျိုးစုံလျှောက်ကြည့်ပြီးအတိတ်ကအမှတ်ရစရာလေးတွေတွေးလို့နေမိသည်။
ထို့နောက် အခန်းဝကနေ သူ့လက်ကလက်စွပ်လေးကို ကောင်းကင်ပေါ်မြှောက်ပြီးကြည့်ရင်း....တော်တော်ပင်ကြည်နူးနေပေသည်။

*ဒီနှစ်ပြီးရင် ငါတို့ခွဲရတော့မှာနော်....အလုပ်ခွင်တွေဝင်ရကြတော့မှာ....သက်တံ့နဲ့လည်းခွဲရတော့မှာ.....အာ.....မဟုတ်တာ...သူကပြောတယ်...ဘွဲ့ရရင်ငါ့ကိုလက်ထပ်မယ်တဲ့ 😍ဒါဆိုသူနဲ့မဝေးတော့ဘူးပေါ့....အဲ့ဒါကအရေးမကြီးဘူး...ငါ့အမေကငါတို့ကိုသဘောတူပါ့မလား......သက်တံ့ကိုသဘောကျတယ်လို့တော့ပြောတယ်... မသိဘူး...နောက်လာနောင်ရှင်း...သက်တံ့ကိုချစ်တာပဲသိတယ်......*

ေခ်...ေခ်...ေခ်...(complete) Dove le storie prendono vita. Scoprilo ora