အပိုင္း ၂၈

4.6K 394 2
                                    

[Unicode] "Most economic activity in most high-income countries takes place in private markets...  ဟာ......ခက်လိုက်တာ...ဘာကြီးတုန်း"

ရောင်စဉ်တစ်ယောက် ecoစာအုပ်ကိုင်ကြည့်ပြီးမျက်စိလည်သွားသည်။

"Money is the means of payment in the form of currency and checks used to buy things...... ...... "

ဘေးကရဲသွေးတစ်ယောက်လည်းအသံအာပြဲကြီးနဲ့ဖင်ကုန်းကျက်နေသည်။

"ရဲသွေး  ..အသံတိုးတိုးကျက်ကွာ..မင်းအော်ဆိုနေတာနဲ့ငါ့အသံတောင်ငါပြန်မကြားရဘူး....ခွအော်မနေနဲ့"

ရောင်စဉ်ထိုသို့ပြောလိုက်တော့ ရဲသွေးစာအုပ်ကြီးကိုပစ်ချလိုက်သည်။

"ဟာ.....ငါကဒီလိုကျက်မှရတာ.မင်းမကျက်နိုင်ရင်အပြင်ထွက်ကျက်ကွာ.....နောက်ရတဲ့ကြားထဲ......အယ်...Money acts as a matchmaker.. ............."

ရဲသွေးထပ်ပြီးအသံပြဲ ကြီးနဲ့အော်ပြန်သည်။

*ဟာ...နားတွေပူလိုက်တာ.....*

စာမေးပွဲနီးပြီဆိုတော့ တဆောင်လုံးစာကျက်သံတွေနှင့်ဆူညံနေပေသည်။.အဆောင်ရှေ့မှာလည်းစာကျက်သူတွေမှိူလိုပေါက်နေသည်။

"ဒီလောက်ဆူညံနေတာ ငါကဆူညံရင်မကျက်တတ်ဘူး...ဘယ်နားသွားကျက်ရမလဲ 😭😭"

ရောင်စဉ်စာအုပ်တကိုင်ကိုင်နဲ့ အဆောင်နောက်ဖက်သို့ထွက်လာလေသည်။.

"အနောက်ဖက်ကတော့တိတ်နေသလိုပဲ...."

ရောင်စဉ် အနောက်ဖက်ကသရက်ပင်နားရှိ ကွပ်ပျစ်လေးမှာထိုင်ဖို့ရွယ်လိုက်သည်။

"လူ...လူရှိနေတာပဲ......ဟို....."

ကွပ်ပျစ်ဘေးမှာထိုင်နေတဲ့သူ သက်တံ့ကိုတွေ့တော့ သူသွားရမလိုလို ပြန်ရမလိုလိုနဲ့.....

"ထိုင်ချင်ထိုင်လေ.... "

ကွပ်ပျစ်မှာထိုင်ပြီး Statတွက်နေတဲ့ သက်တံ့သူ့ကို တစ်ချက်လှည့်မကြည့်ပဲ လှမ်းခေါ်လိုက်သည်။

"အော်....ဟို.....ငါ......."

*သူစိတ်မကြည်လိုငါ့ကိုထပ်ပြီးရန်ရှာနေရင်ဘယ်လိုလုပ်မလဲ...သွားထိုင်ရင်ကောင်းမလား...ပြန်ရင်ကောင်းမလား...*

ဘာမှမပြောတတ်တာနဲ့ ထိုကွပ်ပျစ်နားအသာလေးဝင်ထိုင်လိုက်သည်။.

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now