(Uni) ".....ဒီနေ့ကအရမ်းနေလို့ကောင်းတာပဲ......ဝိုး....ဝိုး....."
နေမပွင့်ပဲမိုးလေးအုံ့ပြီး သာသာယာယာရှိနေတာမို့ အတူလမ်းလျှောက်ထွက်နေရာကနေ ရောင်စဉ်တစ်ယောက် ဘေးကသက်တံ့အရပ်ကိုမှီအောင်ခုန်ဆွခုန်ဆွလုပ်နေလေသည်။ 😂😂😂
"အရမ်းပျော်နေတာလားရောင်စဉ်....."
"မနေ့ညကတည်းကလေ သက်တံ့ရင်ခွင်ထဲမှာခိုနားနေရတာအရမ်းပျော်ဖို့ကောင်းတယ် မိုးအေးအေးလေးမှာနွေးထွေးပြီး 😋😋"
"ဟုတ်လား....အဲ့ဒါဆိုအခုထပ်ဖက်ပေးရဦးမလား..."
"ခုဟာကလမ်းမကြီးပေါ်လေ နောက်မှပေါ့....ဒါပေမယ့် အခုလိုပျော်နေတာကိုမုန်းတယ်..."
"ဘာလို့လဲ ရောင်စဉ်ရဲ့"
သက်တံ့မေးလာတော့ ရောင်စဉ်မျက်နှာလေးညှိူးမှိူင်ပြီး သက်တံ့မျက်နှာလေးကိုမော့ကြည့်လေသည်။
"ပျော်ရလွန်းရင် ငိုရတတ်တယ်ဆိုတာမေ့နေပြီလား....."
"ရောင်စဉ်ရယ်....သြော်သိပြီ...Finalစာမေးပွဲမှာကျပြီးမင်းငိုရမှာကိုကြောက်နေတာမလား....ရောင်စဉ်ရယ် စိတ်မပူပါနဲ့ ကျရင်ထပ်ဖြေလို့ရပါတယ်"
"သက်တံ့နော်.......လူကိုသူ့ပါးစပ်ပုပ်ကြီးနဲ့တအားပြောတာပဲ ဖြေတောင်မဖြေရသေးဘူး ကျမယ်တဲ့လား...."
"မင်းပဲ ဟော့ဒီကပါးစပ်ပုပ်ရဲ့အနမ်းကိုချစ်တာမလားလို့"
"တော်ပြီကွာ....သက်တံ့နော်"
ရောင်စဉ်အရမ်းရှက်လာပြီး သက်တံ့ကိုလက်နဲ့လှမ်းရိုက်တော့၏။ သက်တံ့ကပြေးတာကြောင့် ရောင်စဉ်မှီအောင်လိုက်လေသည်။
"မှီအောင်လိုက်လေရောင်စဉ်....."
အရမ်းကပုတော့ခြေလှမ်းလေးတွေကလည်းစိပ်ပြီး လိုက်လို့မမှီနိုင်ဖြစ်နေတာလေးကို ကြည့်ပြီး သက်တံ့စနောက်ကာရယ်မောနေလေ၏။ အနောက်ကလည်း ရှက်ယောင်သန်းနေတဲ့မျက်နှာလေးနဲ့အတင်းပြေးလိုက်နေသည်။
ကျောင်းပိတ်ရက်လေးဖြစ်တာမို့ ဆိုင်တချို့လည်းပိတ်ထား၍ ကျောင်းသားတစ်ချို့ကလည်းပြန်၍ လမ်းလေးမှာတိတ်ဆိတ်ငြိမ်သက်နေရာ သူတို့ရဲ့ရယ်မောသံတွေက အဆောင်ပြန်လမ်းလေးတစ်လျှောက်ကနေ အနည်းငယ်အုံ့မှိူင်းနေတဲ့မိုးတိမ်လေးတွေအထက်ထိဝယ် ပျံ့လွင့်နေတော့သည်။
![](https://img.wattpad.com/cover/163051738-288-k613724.jpg)
ESTÁS LEYENDO
ေခ်...ေခ်...ေခ်...(complete)
Romanceနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...