[Unicode] "ဟေး မင်းဘာလုပ်တာလဲ"
စေရာလက်ထဲကဖျော်ရည်ကို လွင့်ပစ်သူမှာ သက်တံ့ပင်။ မတူန်မလှူပ်သောအကြည့်တို့နှင့် စေရာကိုစိုက်ကြည့်လေသည်။
"သူပေးတာတွေ လျှောက်လျှောက်မသောက်နဲ့"
"မင်းလွန်နေပြီနော် ဘာလို့အဲ့ဒီလိုလုပ်တာလဲ"
"မင်းနဲ့ ချမ်းငြိမ်းအောင်နဲ့က ဘယ်လိုဆက်ဆံရေးလဲ"
ရုတ်တရက်ကြီး တရားခံစစ်သလိုမေးလာ၍ စေရာလန့်သွားသည်။
"ဘာ....ဘာဖြစ်လို့လဲ...... ငါတို့ဘာငါတို့ဘယ်လိုနေနေ မင်းနဲ့ဘာဆိုင်လဲ"
စေရာပြောရင်း ခြေထောက်တွေနောက်သို့ဆုတ်ဆုတ်သွားမိသည်။ သက်တံ့ လူဆိုးအကြည့်နှင့် စေရာဆီသို့တဖြည်းဖြည်းတိုးလာလေသည်။ အဆောက်အဦးရဲ့နံရံနဲ့ စေရာကျောတို့ကပ်မိသွားကာ ထပ်၍နောက်ဆုတ်လို့မရတော့ပေ။
"မင်း....မင်း..ဆက်တိုးမလားနဲ့နော် ငါ့လက်သီးစာမိချင်လို့လား..."
စေရာ ပြောပေမယ့် သက်တံ့သူ့အနားသို့နီးကပ်စွာတိုးလာလေသည်။.
......... .. ဒုန်း............လက်နှစ်ဖက် နံရံကိုအားပြင်းပြင်းနဲ့ထောက်ချလိုက်ရာ စေရာပို၍ပင်လန့်သွားသည်။ မျက်လုံးကိုပင်စုံမှိတ်ထားမိ၏။
"ငါ့ကိုကြည့်....."
သက်တံ့၏အာဏာဆန်ဆန်စကားကြောင့် မဝံ့မရဲ စေရာ သူ့ကိုကြည့်လိုက်မိသည်။ သူတို့နှစ်ယောက်မျက်နှာဟာထိကပ်လုနီးပါးပင်။
စေရာမျက်လုံးတွေဂနာမငြိမ်ဖြစ်နေပေသည်။
"မင်းနဲ့ချမ်းငြိမ်းနော င် ဘယ်လိုဆက်ဆံရေးလဲငါသိတယ်...အဲ့ဒီလို မကောင်းတဲ့ကောင်ကို မင်းဘာလို့တွဲနေတာလဲ"
"မင်း မင်း အကို့ကိုအဲ့ဒီလိုမပြောနဲ့ အကိုကလူဆိုးမဟူတ်ဘူး"
စေရာထိုသို့ပြောလိုက်လျှင်ပင် သက်တံ့ သူ့မျက်နှာကို စေရာမျက်နှာဆီပို၍တိုးကပ်စေလိုက်သည်။ စေရာအရမ်းပင်နေရခက်လာသည်။ သူတို့နှစ်ယောက်ရဲ့ရင်ဘတ်ချင်းထိလုနီးပါးပင်ဖြစ်နေပြီ။
VOUS LISEZ
ေခ်...ေခ်...ေခ်...(complete)
Roman d'amourနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...