[Unicode] ဒုတိယနှစ်ဆိုတော့ကား သူတို့မေဂျာသီးသန့်အခန်းဖြစ်တဲ့ Commerceခန်းကိုပြောင်းရွှေ့ခဲ့ရပေပြီ။ ရောင်စဉ်တက်တက်ကြွကြွနဲ့ အခန်းထဲကိုဝင်သွားလေသည်။
"ဟာ......စေရာ.........စေရာရေ........လွမ်းနေတာ သူငယ်ချင်းကြီးရယ်"
အတန်းခုံမှာထိုင်နေသောစေရာကိုတွေ့တော့ သက်တံ့အပြေးအလွှားသွားဖက်လေ၏။
"ငါ့ကိုလွှတ်ကွာ......"
စေရာအသံမှာ စိတ်မကြည်သည့်အသံနှင့်။
သူ့လက်ကို စေရာပုခုံးထက်မှဖယ်ခြင်းခံလိုက်ရ၍ ရောင်စဉ်စိတ်ဆိုးသွားသည်။
"ဘာလဲ.....မင်းကငါတို့နဲ့မပေါင်းချင်လို့လား.....မင်းဘာဖြစ်နေတာလဲ "
"ငါ့ကိုနားပူနားဆာမထိုးနဲ့ကွာ....ထိုင်မှာဖြင့်ထိုင်"
စေရာကသူ့ကိုအရမ်းစိမ်းကားနေသလိုဖြစ်နေ၍ ရောင်စဉ်လည်းစိတ်ကောက်ကာသူနဲ့ဝေးဝေးမှာထိုင်လိုက်သည်။
အတန်းဆင်းချိန်လေးမှာ.....စေရာတစ်ယောက်တည်း......အပြန်လမ်းကိုနှေးကွေးသောခြေလှမ်းများနှင့်လျှောက်လှမ်းနေခဲ့သည်။
*ငါဘာလုပ်ရမလဲ......အကိုကျွန်တော့်ကိုအရမ်းရက်စက်တယ်..သက်တံ့စကားကိုနားမယောင်ခဲ့ပဲ အကို့ကိုအကြီးကြီးချစ်မိလို့ကျွန်တော်မှားခဲ့တာ...ကျွန်တော်မှားတာ...ကျွန်တော့်ရှေ့မဆက်ချင်တော့ဘူး....ကျွန်တော့်ဘဝကိုကျွန်တော်မုန်းတယ်...ကျွန်တော်သေတာပဲကောင်းတယ်......*
ကျောင်းပေါက်အဝရောက်တော့ ကားလမ်းကွေ့ကြီးကို သူလျှောက်ဖို့ရွယ်လိုက်သည်။ မလှမ်းမဝေးမှာလည်း ကုန်တင်ကားတစ်စီးအရှိန်နှင့်လာနေတာကိုသူမြင်သည်။
ထိုကားရှေ့တည့်တည့်ကို သူဝင်အတိုက်ခံဖို့ရွယ်ခြင်းပင်။
တီ........တီ.............တီ..................
*ကျွန်တော်အားလုံးကိုနူတ်ဆက်ခဲ့ပါတယ်နော်..........*
"စေရာ............"
မျက်လုံးမှိတ်ထား၍မမြင်ရပေမယ့် သူ့ကိုယ်ကိုတင်းကြပ်စွာပွေ့ဖက်လိုက်သည့်ခံစားမူတစ်ချို့ကိုရလိုက်ပြီး လမ်းဘေးသို့ ထိုသူနှင့်အတူ ထိုးလဲကျသွားသည်။
![](https://img.wattpad.com/cover/163051738-288-k613724.jpg)
ŞİMDİ OKUDUĞUN
ေခ်...ေခ်...ေခ်...(complete)
Romantizmနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...