အပိုင္း ၁၈

4.7K 432 7
                                        

(Unicode)  ရဲသွေး အပြင်သို့ခပ်သွက်သွက်ပြန်ထွက်သွားတော့သည်။ ရောင်စဉ်နားလည်ပါသည်။ သူခံစားရတော့မည်ဆိုတာ.......

ဌာနအပြင်ရောက်တော့ ရဲသွေးငုတ်တုတ်လေးထိုင်ပြီး ငိုလေတော့သည်။

"စေရာ.....ငါမင်းကိုအရမ်းနှမြောတာပဲ  ငါ ငါမင်းကိုချစ်တယ်....ဒါပေမယ့် ငါမင်းကိုဖွင့်မပြောခင်မင်းတို့ကအရင်အဆင့်တက်သွားကြတာကို "

ရဲသွေးအရမ်းခံစားနေရမှန်းသိ၍ ရောင်စဉ်ဌာနအပြင်ပြေးထွက်လာခဲ့သည်။ ထင်တဲ့အတိုင်းပဲ ရဲသွေးငိုယိုနေတာ ငုတ်တုပ်လေးထိုင်ပြီး.........

ရောင်စဉ်မသက်သာတာနဲ့ ရဲသွေးနားသွားကာ သူ့ကျောကုန်းလက်နဲ့ပွတ်ပေးပြီးနှစ်သိမ့်ပေး၏။

"မငိုပါနဲ့ကွာ.  တိတ်တော့နော်    "

"ရောင်စဉ် ငါ့ရင်တွေပူလိုက်တာ ငါမခံစားနိုင်ဘူး 😭😭😭"

ရောင်စဉ် သူ့ပုခုံးပေါ်သို့ ရဲသွေးခေါင်းကိုမှီစေလိုက်ပြီး သူ့ခေါင်းကိုပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလေ၏။

"တော်ပါကွာ မငိုစမ်းပါနဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်တဲ့ရဲသွေးကြီးက မျက်ရည်ကျစရာလား ငါ့လိုပျော်ပျော်ပဲနေစမ်းပါ ဘာပဲဖြစ်ဖြစ်စိတ်ထဲထားမနေနဲ့ သူကရည်းစားရပြီဆိုတော့ နောက်တစ်ယောက်တွဲပေါ့ ဘယ်လောက်သာယာလဲ ကိုယ့်ဘာကိုယ်နေရတာလည်းလွတ်လပ်နေတာကို မငိုပါနဲ့ဟ လိမ်မာတယ် အထန်ကောင်ကြီးငိုတော့ဒီကကျွန်တော်ကသေပေးရမှာလား"
😁😁😁

"ရောင်စဉ်နော်.....ငါတစ်ခါပဲထန်ဖူးတာပါ "

"အဲ့တစ်ခါကအကြီးကြီးထန်တာလေ 😂😂"

"ဖွတ်စုတ်လေး......."

ရဲသွေးငိုပြုံးကြီးပြုံးကာ ရောင်စဉ်ကိုလိုက်ဖမ်းလေ၏။ ရောင်စဉ်လှည့်ပတ်ပေးပြီး ရဲသွေးကိုစနေပေသည်။ ရဲသွေးသူ့ကိုလိုက်ဖမ်းပြီး ကလိလိုက်ထိုးလေ၏။

"အမေရေ.....ကယ်ပါဦး အထန်ကြီးကျွန်တော့်ကို ကလိလိုက်ထိုးနေတယ် "

"မခေါ်နဲ့ကွာ အထန်ကြီးလို့.  ချီးထုပ်လေး  "

သူတို့နှစ်ယောက်လျှောက်စနေကြတာကို ဒုတိယထပ်ကနေသက်တံ့ကြည့်ရင်း ပြုံးမိပါသည်။ အသက်မဲ့နေသောအပြုံးမဟုတ်ပဲ နှစ်လိုဖွယ်ကောင်းသောအပြုံးနှင့်သာ.......

ေခ်...ေခ်...ေခ်...(complete) Место, где живут истории. Откройте их для себя