အပိုင္း ၃၄

3.6K 189 14
                                    

[Unicode] ဒေါက်....ဒေါက်.....ဒေါက်.......

ခဏတိုင်းတံခါးခေါက်နေတာကြောင့် သက်တံ့စိတ်တိုစွာ တံခါးကိုဆွဲဖွင့်လိုက်ပါသည်။

"ဘာလဲ.....ဘာလဲ.....ငါ့တံခါးကမင်းအားတိုင်းယားတိုင်းခေါက်ဖို့ထားထားတာမဟူတ်ဘူး.."

သက်တံ့စိတ်တိုတိုနဲ့ပြောလိုက်၍ ရောင်စဉ်အထုပ်လေးတစ်ခုကိုပိုက်ကာ ငေါင်ငေါင်လေးရပ်နေမိသည်။

"ရည်း.....ရည်းစားနဲ့အဆင်မပြေ...ခဲ့..ဘူးလား..."

"ဘာ...ရည်းစားလဲ.....သူကငါ့ရည်းစားမဟုတ်ဘူးလို့ဘယ်နှစ်ခါပြောရမလဲ...."

"ကောင်မလေးကတော့တော်တော်ချစ်နေတာကို"

မုန်းသည်....ရောင်စဉ် သူ့ကိုနှင်းနဲ့ပေးစားနေတာကို သူအရမ်းမုန်းနေမိသည်။....စိတ်တိုကာ..ဒေါသထွက်မိသည်။....

"ဘာပြောတယ်....မင်းသူ့ကိုကြိုက်နေလို့လား....ကြိုက်ရင်လည်းမင်းယူချင်ယူ ငါမင်းကိုပေးမယ်....."

"သက်တံ့ဘာလို့စိတ်တိုနေတာလဲ......မွေးနေ့ကိုစိတ်မတိုရဘူးလေ"

"မွေးနေ့ကိုစိတ်တိုတော့ဘယ်သူကလာသတ်မှာလဲ....ငါ့ဘာငါစိတ်တိုတာဘယ်သူ့ကိုခွင့်တောင်းရမှာမို့လို့လဲ..."

"ဒီ....ဒီက Happy birthdayပြောမလို့ဟာ....Angry birthdayပဲဖြစ်မယ်ထင်တယ်"

ရောင်စဉ် သူ့လက်ထဲကပါဆယ်တစ်ခုကို သက်တံ့အားပေးလိုက်သည်။

ထိုအခါမှ သက်တံ့ဒေါသတို့အနည်းငယ်ပြေလျော့သွားသလို.
.
"မွေးနေ့လက်ဆောင်လေ....ကိုယ့်သူငယ်ချင်းမို့တတ်နိုင်သလောက်ဝယ်ပေးတာပါ...ဈေးအရမ်းမကြီးပါဘူး...မင်းကအမြဲလူကြီးလူကောင်းတစ်ယောက်လိုဝတ်စားနေတော့ တစ်ခါလောက်ပေါ့ပေါ့ပါးပါးလေးမြင်ဖူးချင်လို့ ဆိုဒ်ကတော့တော်မှာပါ...ဝတ်ချင်လည်းဝတ်..လေဘေးထဲကကောက်ဆွဲလာတာတွေပါ😎..အောက်တန်းကျတယ်ဆိုပြီးမဝတ်ချင်ရင်လည်းငါ့ပြန်ပေးပါ😁😁ငါဝတ်မယ်"

*ကောင်စုတ်လေး....လွှင့်ပစ်လိုက်လို့တော့မပြောရှာဘူး 😅😂😂 နှမြောလို့နဲ့တူတယ်.....*

ပျော်ပါသည်။....ရောင်စဉ်နဲ့ဆုံတိုင်း သူအမြဲ ပြုံးရတာချည်းပါပဲ။ ရောင်စဉ်ကသူ့ကိုထာဝရအပြုံးပိုင်ရှင်ဖြစ်အောင် လုပ်ပေးနေသလိုပင်။

ေခ်...ေခ်...ေခ်...(complete) Tempat cerita menjadi hidup. Temukan sekarang