အပိုင္း၅၉

3.7K 330 8
                                    

(Uni) သူမ လုပ်ချင်တာလုပ်ပြီး၍ ပြန်လှည့်ထွက်သွားလေသည်။ ရောင်စဉ်မျက်ဝန်းတွေက သူမလွှင့်ပစ်လိုက်သောထိုဆူးခြုံကိုပင်မျက်စိရောက်နေသည်။

"ဒီမယ်.  ကောင်လေး......အန်တီကအန်တီသားကိုမိန်းကလေးတစ်ယောက်နဲ့ပဲသဘောတူတယ်...သမီးလေးပြောသွားတဲ့အတိုင်းပဲမင်းတို့ချစ်တယ်ဆိုတာစိတ်ကူးယဉ်လို့ပဲကောင်းတယ် ဝတ္ထုတွေထဲမှာပဲဖတ်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ မင်းလည်းအရွယ်ရောက်နေတဲ့ယောကျာ်းလေးတစ်ယောက်ပဲ အဲ့ဒီတော့သင့်တော်တဲ့မိန်းကလေးတစ်ယောက်နဲ့ပဲမေတ္တာဆုံမက်ကြပါလို့ အန်တီပြောချင်တယ်....."

သက်တံ့အဖေရဲ့စကားတို့ကိုကြားလာမိလေလေ သက်တံ့ သူ့အဖေကြောင့်စိတ်ဆင်းရဲခဲ့ရတဲ့နေ့ဆိုးတွေကိုရောင်စဉ်တဖြည်းဖြည်းပြန်မြင်ယောင်လာရင်း ကြောက်စိတ်တွေရော ဒေါသစိတ်တွေရော ခံစားလာရလေသည်။

"အန်တီရဲ့ဒီလိုပုံစံကိုမြင်ရတော့ ကျွန်တော်တို့အချစ်ကိုလက်ခံပေးနိုင်မယ်ထင်တာ...အန်တီလည်းအဲ့ဒီစိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းထဲမှာနစ်မြောနေတာမဟုတ်ဘူးလား ကျွန်တော်သက်တံ့ကိုချစ်တယ် သက်တံ့ကိုကျွန်တော်လက်မလျှော့နိုင်ပါဘူး...အန်တီကြောင့်သက်တံ့ဘယ်လောက်စိတ်ထိခိုက်ခဲ့ရတယ်အန်တီသိလား "

"အမယ်လေး.....လက်မလျှော့နိုင်ဘူးဟုတ်လား....အန်တီသားကရတနာတပါးလိုဖြစ်နေတာဆိုတော့ အင်းပေါ့...ဒီလိုအခွင့်ရေးကိုဘယ်လိုလက်လျှော့ချင်ပါ့မလဲ.....မင်းဘယ်လောက်လိုချင်လဲ အန်တီဘယ်လောက်ပေးမှမင်းငါ့သားကိုလက်လျှော့မှာလဲ"

"ကျွန်တော်အဲ့ဒီလိုအကြေးစားမဟုတ်ဘူးအန်တီ ကျွန်တော်မိကောင်းဖခင်သားတစ်ယောက်ပါ "

"အိုအေ.....ဒါနဲ့များအချင်းချင်းဘယ်လိုကြိုက်ရကြသေးလဲ...ဘာလာမပြောနဲ့ မင်းငါ့သားနဲ့အဆက်ဖြတ်ပါ ဒါပဲ"

မကြာခင်မှာပဲ ကားနှစ်စီးလုံးထွက်ခွာသွားကြ၍ ရောင်စဉ်ရင်ထဲလစ်ဟာပြီးကျန်ရှိခဲ့လေသည်။ ထိုအခါမှမခိုင်တော့တဲ့သူ့ခြေထောက်တွေမြေပြင်ပေါ်ကို လဲကျသွားတော့သည်။

ရောင်စဉ်လမ်းပေါ်ထိုင်ငိုနေရင်းမှာပဲ ကောင်းကင်ကြီးအုံ့မှိူင်းတက်လာပြီး မိုးတွေရွာချလေတော့သည်။ မိုးစက်တွေနဲ့ရောင်စဉ်မျက်ရည်တို့ရောယှက်ကာ မြေပြင်သို့စီးကျနေတော့၏။

ေခ်...ေခ်...ေခ်...(complete) Donde viven las historias. Descúbrelo ahora