အပိုင္း၄၉

4.8K 367 19
                                    

[Unicode] "ဒါနဲ့ ဘာလို့မဖွင့်သေးတဲ့ဆိုင်ကိုခေါ်လာတာလဲ...ဘာမှလည်းရတာမဟုတ်ပဲ..."

ရောင်စဉ်မေးတာကြောင့် သက်တံ့အတွေးကနေသတိပြန်ဝင်ခဲ့မိသည်။

"ဆိုင်နာမည်တောင်းမလို့ခေါ်လာတာ....."

သက်တံ့ပြောစကားတွေကို ရောင်စဉ်နားမလည်။

"ဘယ်လို "

"ဒီဆိုင်က ငါကိုယ်တိုင်ငါ့ပိုက်ဆံနဲ့ဆောက်ထားတာလေ....မင်းနဲ့တူတူဆိုင်ဖွင့်မလို့....ဆိုင်နာမည်တောင်းတာ..."

"ဗြုန်းစားကြီး.....သက်တံ့မင်းငါ့ကိုချက်ချင်းလက်ထပ်မလို့လား..ငါဘွဲ့ယူဦးမှာနော်..."

"တစ်နှစ်စောင့်မှာပါဗျာ....ဟုတ်ပြီလား.....ဆိုင်နာမည်လေးပေးပါ..မင်းပေးတဲ့အတိုင်းနာမည်ထားမှာ"

သူ့ကိုဆုံးဖြတ်ခိုင်းတော့ရောင်စဉ်ဆရာကြီးဆိုဒ်နဲ့ စဉ်းစားနေမိသည်။

"အင်း...........Rainbowလို့ထားမယ်....အဲ့ဒီနာမည်လေးကပဲငါတို့ကိုစသိစေခဲ့ပြီး...ရန်ဖြစ်ရင်းချစ်ခဲ့ကြတာ😁"

"ဟုတ်ပါပြီ....ရောင်စဉ်ထားခိုင်းတဲ့အတိုင်းပေါ့.....ကျောင်းဖွင့်ဖို့တစ်လတောင်လိုသေးတယ်....တစ်လလုံးကြီးဘယ်လိုနေရမှာလဲ."

"အိပ်လိုက်စားလိုက်နေပေါ့....."

"မဟုတ်ဘူး မင်းမျက်နှာလေးကိုမမြင်ရမှာမို့လို့....."

"ဒီခေတ်က ITခေတ်ကြီးပါအကိုရယ်...လာ"

သက်တံ့ဖုန်းနဲ့...သူတို့အတူတူဓာတ်ပုံတွဲရိုက်ကြလေသည်။ တစ်နေ့လုံးလည်းသွားချင်တဲ့နေရာတွေကိုလျှောက်လည်နေကြ၏။ ဒီနေ့မှတရားဝင်ချစ်သူဖြစ်တာဆိုတော့ကား 😋
ထိုနေ့လေးကိုတောင်ကုန်ဆုံးမသွားချင်ဘူး။

၃နာရီလောက်မှာ...

သူတို့တွေမနူတ်ဆက်ချင်ပဲနူတ်ဆက်လိုက်ရသည်။

"လွမ်းရင်အဲ့ဒီပုံတွေထုတ်ကြည့်.....နေ့တိုင်း vedio callခေါ်..
ဘေမရှိရင်ထည့်ပေး😁😁 ဟုတ်ပြီလား....အိမ်ပြန်လိုက်ပို့ဦး"

လူကြီးလူကောင်းလို သက်တံ့အားအမိန့်တွေပေးနေမိသည်။

သက်တံ့သူ့ကိုအိမ်ပြန်လိုက်ပို့ပေးပါသည်။ ဒါပေမယ့်အိမ်မရောက်ခင် တစ်ဝက်လောက်မှာသူကားကိုရပ်လိုက်၍ ရောင်စဉ်ကြောင်သွားသည်။

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now