အပိုင္း၄၃

4.5K 394 31
                                        

[Unicode] "သက်တံ့ရေ....ငါဝင်လာပြီနော်....."

နေ့တိုင်းသက်တံ့အခန်းထဲအိပ်နေကျမို့ ခုလည်းသက်တံ့အခန်းထဲသို့ဝင်လာလေသည်။ သက်တံ့ကတော့ သူ့ကိုအဖက်မလုပ်ပဲ lap topသုံးနေသည်။ ရောင်စဉ်အေးအေးလူလူ အိပ်ယာခင်းနေ၏။

နှစ်ယောက်ကြားမှာလေစိမ်းများတိုးဝေ့နေလျက်ရှိသည်။ ဘာစကားမှမပြောပဲတိတ်ဆိတ်နေလေ၏။

"ဒီနေ့ ဘယ်မသွားဘူးလား...မင်းကောင်မလေးဒီအပတ်မလာဘူးလား"

ရောင်စဉ်တို့စကားမများရရင်မနေနိုင်တဲ့အကျင့်အတိုင်းပဲ သက်တံ့ကုတင်နားထိုင်ကာစကားစလိုက်သည်။ သက်တံ့ lap topကနေသူ့ကိုမျက်စိရောက်သွားသည်။

"သူကငါ့ဆော်မဟုတ်ဘူးလို့ဘယ်နှစ်ခါပြောရမလဲ....ငါသူ့ကိုမကြိုက်ဘူး"

"သြော်....အဲ့ဒါဆိုမင်းကြိုက်တဲ့လူသပ်သပ်ရှိနေတာလား"

"အင်း...ဟုတ်တယ်..."

"ဝိုး......အချေကြီးမှာကြိုက်တဲ့သူရှိတယ်.....ဘယ်သူလဲ....ဘယ်ကလဲ...မိတ်ဆက်ပေးဦးလေကွာ..ချောလား"

ရောင်စဉ်အတင်းမေးနေ၍ သက်တံ့ရွဲ့ဖြေလိုက်သည်။

"အင်း  ရုပ်ကစပ်ဖြီးဖြီးနိုင်တယ် အာပြဲစိန်....ကမြင်းတာကမျောက်ရံှူးတယ် အရပ်ပုတယ် အဲ့ဒီတစ်ယောက်ကမင်းနဲ့ကောင်းကောင်းသိတယ် ငါပြောပြစရာမလိုဘူးထင်တယ်"

သက်တံ့ ရောင်စဉ်နဲ့ပေါင်းပြီး စကားများတတ်လာလေပြီ 😂😂

ရောင်စဉ်တော်တော်ကြာစဉ်းစားလျက်....

"ဂျူ းဂျူ းမေလား......"

"မဟုတ်ဘူး"

"ဟင် ငါကမိန်းကလေးတွေနဲ့သိပ်မသိဘူးလေ မင်းလိုအချေကောင်ကအဲ့ဒီလိုကမြင်းကြောထနေတဲ့မိန်းကလေးကိုရွေးကြိုက်ရလား."

"ငါပြောတဲ့ထဲမှာမိန်းကလေးလို့မပါဘူးလေ"

"အဲ့ဒါဆိုယောကျာ်းလေးလား.....ရဲသွေးလား....သွားမလုပ်နဲ့နော် သူကစေရာကိုကြိုက်နေတာ"

"သူက ကမြင်းကြောထလို့လား "

*အင်.......သူပြောနေတဲ့အချက်တွေနဲ့ကိုက်နေတာဆိုလို့ငါတစ်ယောက်ပဲရှိတာမဟုတ်ဘူးလား......*

ေခ်...ေခ်...ေခ်...(complete) Tempat cerita menjadi hidup. Temukan sekarang