အပိုင္း ၃၅

4.8K 330 14
                                        

[Unicode] ကျောင်းပေါက်ဝမှာလည်းရဲတစ်ချို့ရောက်နေ၍ လူတစ်ချို့ကိုမေးမြန်းနေသည်။

"ရောင်စဉ်......ရောင်စဉ်....ကယ်ပါဦး....."

ရဲသွေးရေးကြီးသုတ်ပြာနဲ့ အခန်းထဲဝင်လာ၍ ရောင်စဉ်လန့်သွားသည်။

"ဘာဖြစ်တာလဲ ရဲသွေးဘာဖြစ်လို့လဲ...."

"စေရာ....စေရာ.ကိုသူတို့တွေ ဆိုင်ကယ်ပေါ်အတင်းဆွဲခေါ်သွားကြတယ်"

"ဟင်??? မဖြစ်ဘူးလေ.....ဘယ်...ဘယ်ခေါ်သွားတာလဲ."

"ငါဘယ်သိမလဲ.....ငါတို့သွားရှာရအောင်..."

ရဲသွေးစိတ်လိုက်မာန်ပါနဲ့ရောင်စဉ်ကိုအခန်းထဲကနေ ဆွဲခေါ်သွားသည်။

............ဝုန်း.............အား..............

အခန်းကနေအထွက် သက်တံ့နဲ့ဝင်တိုက်မိလေသည်။

"လာ...မြန်မြန်......."

ရဲသွေးကတော့ဘာမှမမြင်တော့။ ရောင်စဉ်ချော်လဲပြီး ဒူးခေါင်းပွန်းသွားလေသည်။ ဤသည်ကိုသက်တံ့မြင်ပါသည်။

"နေဦး......."

အမြဲတမ်းစိတ်လိုက်မာန်ပါလုပ်နေတဲ့ရဲသွေးနဲ့ ပေါင်းနေတဲ့ရောင်စဉ်ကို စိတ်ပူတာနဲ့ သက်တံ့လက်ကိုလှမ်းဆွဲလိုက်သည်။

"ဘယ်သွားမလို့လဲ.....ဘာလို့ပြာယာခတ်နေတာလဲ"

"စေရာလေ.....စေရာပြန်ပေးဆွဲခံရလို့....."

ရောင်စဉ်လည်း ပြာပြာသလဲစိုးရိမ်ကြီးစွာပြောလိုက်သည်။

*နှစ်ယောက်စလုံး ပြာယာခတ်နေကြတဲ့ဟာ....ဒီလိုပုံနဲ့သူတို့ဘယ်လိုသွားရှာကြမှာလဲ.....*

သက်တံ့စဉ်းစားမိပြီး ကိုယ့်ကိစ္စမဟုတ်လည်းဝင်ကူဖို့ဆုံးဖြတ်လိုက်သည်။

"သွားကယ်မလို့ထင်တယ်.. .ဘယ်မှာရှိလဲသိလို့လား..."

"မသိဘူး....ဒီတိုင်းရှာမယ်..."

"အချိန်ဖြုန်းရာသပ်သပ်ကျတယ်....လိုက်ခဲ့....."

သက်တံ့ သူတို့နှစ်ယောက်လုံးကို အခန်းထဲခေါ်သွားသည်။

"စေရာရဲ့ဖုန်းနံပါတ်ပေး...."

lap topနဲ့..စေရာတည်နေရာကို သေချာရှာနေသည်။

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now