အပိုင္း၆

6.1K 481 14
                                        

(Unicode) မုန်းပါသည်.....သက်တံ့လုပ်နေသောအမူအရာအားလုံးကိုကြည့်ပြီးမုန်းနေမိသည်။ မုန်းလျက်နဲ့ဘာလို့သူ့ကိုဆက်ကြည့်နေမိတာလည်းမသိ။ အပြင်ဘက်ကနေထိုင်ပြီးအတွင်းကိုသူလှည့်ကြည့်နေမိ၏။

နည်းနည်းကြာလာတော့ သူလည်းအိပ်ချင်ပြီးငိုက်နေတော့သည်။

"ခဏနားမယ် အားလုံးပင်ပန်းသွားကြပြီ...."

ခေါင်းဆောင်အနားပေး၍ သက်တံ့အပြင်ထွက်လာရာ ခေါင်းငေါက်စိုက်ကျ၍  ခုံရှည်မှ ပြုတ်ကျလုနီးနီးရောင်စဉ်ငိုက်နေတာကိုတွေ့သွားသည်။ maskတပ်ထား၍ မည်သူမည်ဝါမှန်းမသိ။

သက်တံ့ကအပြင်ပန်းကသာ ရုပ်တည်ကြီးနဲ့အေးစက်နေသယောင်ထင်ရသော်လည်း အတွင်းစိတ်ကမည်သူမျှမမြင်နိုင်သော နူးညံ့သည့်စိတ်ထားတစ်စုံမှာသိုဝှက်စွာရှိနေပေသည်။
သူ့အကျႌလက်ရှည်ကိုချွတ်ကာ ရောင်စဉ်ကိုခေါင်းခုစေပြီး ခုံတန်းပေါ်အသာလှဲပေးခဲ့သည်။ မောင်မင်းကြီးသားကတော့ အိပ်ရာကမပျက်။ အိပ်ရတာအနှောင့်အယှက်ဖြစ်မည်စိုး၍maskဖြုတ်ပေးမည်ကြံပေမယ့် အကြောင်းရင်းရှိ၍maskတပ်ခဲ့မည်ဟု.တွေးကာဒီတိုင်းထားခဲ့သည်။

"Roလိုက်တာ   roတာ....."

ဂျူးဂျူးမေကဒါမျိုးအကွက်တွေဆို သတင်းပေးစရာမလို။ ချက်ချင်းတန်းမြင်ပေသည်😁😁။.Vdကခြေမြန်လက်မြန်ရိုက်ထားသေးသည်။

လေ့ကျင့်မူပြီးသည့်တိုင် ဂျူးဂျူးကေမှာ မဆင်းရသေး။ ဂျူးဂျူးကေမပြီးသောကြောင့် သူနှင့်တွဲရမည့်သက်တံ့မှာပြန်လို့မရသေး။

"နည်းနည်းလေးပျော့ဖို့လိုတယ် ခါးကိုကော့ ရင်ကိုပင့်ထား"

ဆရာမစကားကြောင့် ဂျူးဂျူးမေ လည်သွားသည်။

"ဆရာမ မလုပ်တတ်ဘူး အင့်နေတာ"

အိပ်ရေးဝလာသော ရောင်စဉ်လည်းထကာ.ဂျူးဂျူးမေကိုလှမ်းကြည့်သည်။ အုတ်နံရံနှင့်ကာနေသောကြောင့်သက်တံ့ကိုသူမမြင်။

"ဒါဘယ်သူ့အကျႌလဲမသိဘူး။ ဟင်း....မသာမ.ဒါလေးကိုမလုပ်တတ်ဘူး"

ရောင်စဉ် အတွန့်ရှည်ချင်တာနဲ့အထဲသို့ဝင်လာလေသည်။

maskကိုချွတ်ကာအေးဆေးဝင်လာလေသည်။

ေခ်...ေခ်...ေခ်...(complete) Место, где живут истории. Откройте их для себя