အပိုင္း ၂၄

4.8K 404 15
                                        

[Unicode] "မင်း..   စေရာကို...ဘာတွေစိတ်ဒုက္ခပေးပြန်ပြီလဲ"

အစမရှိ အဆုံးမရှိ ရန်စကားဆိုလိုက်၍ သက်တံ့ခနဲ့စွာရယ်လိုက်သည်။

"ဘာလဲ. ငါကဘာလို့သူ့ကိုစိတ်ဒုက္ခပေးရမှာလဲ. အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ လွှတ်စမ်း"

ထိုအခါမှ ရောင်စဉ်ပြေးလိုက်လာပြီး ရဲသွေးကိုတားသည်။

"ဟေ့ကောင် လွှတ်လိုက်  ဟေ့ကောင်"

ရောင်စဉ်အားနဲ့ဆွဲသော်လည်းမရ။

"ငါ့ကိုမတားနဲ့........"

ရဲသွေးဒေါသကြီးစွာ ရောင်စဉ်ကိုတွန်းပစ်လိုက်ရာ စားပွဲခုံနဲ့ရောင်စဉ်နဖူးတို့မိတ်ဆက်ပြီးသားဖြစ်သွားလေသည်။

..................ဒုန်း....................

အရှိန်နှင့်မို့ ရောင်စဉ်နဖူးမှာသွေးတွေစီးကျလာ၏။

"အား......ကျွတ်....ကျွတ်....သေပါပြီ"

ရောင်စဉ်ကို သက်တံ့တစ်ချက်လှည့်ကြည့်လိုက်ပြီး ရဲသွေးလက်ကို သူ့အကျႌစကနေအတင်း ဆွဲချလိုက်သည်။

"လွှတ်စမ်းငါ့ကို.......မင်းတို့လိုကောင်တွေက ဦးနှောက်နဲ့ချင့်ချိန်စဉ်းစားနိုင်စွမ်းမရှိဘူးလား.....ဒေါသထွက်ဖို့ပဲသိကြတာလား.  စိတ်လိုက်မာန်ပါလုပ်ဖို့ပဲသိကြတာလား"

ရဲသွေးမှာရောင်စဉ်ကိုသတိမထားမိသေး။ (အယ်ကိုကဒေါသထွက်ရင်ဘာမမြင်ပု 😐😑😑)

"မင်း စေရာကိုဘာလုပ်လိုက်လဲပဲသိချင်တာ.   စေရာကိုဒုက္ခပေးဖို့မစဉ်းစားနဲ့ နေ့လည်ကဘာလို့မင်းသူနဲ့အရမ်းနီးကပ်နေရတာလဲ"

"မေးခွန်းတွေကများလိုက်တာ မေးချင်ရင်သူ့ကိုမေးကြည့်လိုက် ငါကသူများအတင်းမတုတ်တတ်ဘူး သူများကိစ္စတွေကိုလည်းတခြားသူကိုပြောပြတတ်တဲ့ပါးစပ်ဖွာတဲ့သူမဟုတ်ဘူး"

"မင်း..နောက်တစ်ခါစေရာနဲ့နီးကပ်ဖို့မကြိုးစားပါနဲ့. "

"ဒီစကားကို ချမ်းငြိမ်းနောင်ကိုပြောသင့်တယ်ထင်တယ်"

"အဲ့ဒါကစေရာချစ်တဲ့သူလေ သူ့ကိုအတင်းလုပ်ယူနေတာမှမဟုတ်တာ မင်းကသာစေရာအနားအတင်းကပ်ဖို့ကြိုးစားနေတာလေ မင်းကိုပဲပြောရမှာပေါ့"

ေခ်...ေခ်...ေခ်...(complete) Место, где живут истории. Откройте их для себя