အပိုင္း၆၂

3.9K 283 10
                                    

(Uni) "သက်တံ့.......အခြေအနေဘယ်လိုလဲ ရောင်းကောင်းရဲ့လား.."

စက်ဘီးကိုရပ်လိုက်ပြီး ရောင်စဉ်Cakeဆိုင်လေးထဲကို အတင်းပြေးဝင်သွားလေသည်။ ဆိုင်ထဲမှာ customerတစ်ချို့တော့တွေ့ရ၍ ရောင်စဉ်ဝမ်းသာသွားသည်။ ကောင်တာမှာစာရင်းတွက်နေသောသက်တံ့နားကို သူပြေးသွားလေ၏။

"တည်ကြည်ခံ့ညားသောလူကြီး ခုတော့ကလေးကိုတောင်မကြည့်အားတော့ဘူးလားလေ"

အစကစာရင်းမှာအာရုံရောက်နေ၍ ရောင်စဉ်အသံကြောင့် သူရှေ့ကိုလှမ်းကြည့်မိပါသည်။

"ရောင်စဉ်....ဘယ်တုန်းကရောက်နေတာလဲ ဘာစားမလဲ...ကိုယ်ဘာလုပ်ပေးရမလဲ...."

သက်တံ့နူတ်ခွန်ဆက်စကားကို ကြားရတော့ ရောင်စဉ်သဘောမတွေ့သည့်ပုံနှင့်နူတ်ခမ်းလေးစူသွားသည်။

"ကျွန်တော်ကအချိန်ပိုင်းအလုပ်လာလုပ်တာဗျ....အမေ့ကိုအလုပ်လုပ်မယ်ဆိုပြီးညာထွက်လာတော့လည်း တစ်ချက်ခုတ်နှစ်ချက်ပျက်လုပ်ရတော့မှာပေါ့....."

ရောင်စဉ်ကစကားတွေသွက်လွန်းတာမို့ သက်တံ့လိုက်မမှီ။ သူ့စကားလေးတွေကမြန်လွန်းပြီးတစ်ချို့နေရာတွေဆိုသိပ်မပီပေ 😅😂😂

"ဘယ်လို....ဘယ်လို....ရောင်စဉ်.....စကားကိုဖြေးဖြေးပြောပါကွာ"

"ကို့ကိုလည်းတွေ့ချင်တယ် ပိုက်ဆံသယ်ပြီးအိမ်ပြန်ချင်တယ် အဲ့တော့အချိန်ပိုင်းလုပ်ရင်း ကိုနဲ့ဒီနေ့အတူနေမယ်လို့ပြောတာ"

"သြော်.......ဟုတ်ပါပြီဗျာ.....ဒါဆိုလည်းဝင်ကူပေါ့နော်"

ရောင်စဉ် စားပွဲထိုးဝတ်စုံလေးလဲပြီး အလုပ်ကူလုပ်လေ၏။
ဆိုင်ထဲသို့ လူကြီးတစ်ယောက်ဝင်လာ၍ ရောင်စဉ်ကြိုဆိုလိုက်သည်။

"Rainbow cakeဆိုင်ကကြိုဆိုပါတယ် ဘာများသုံးဆောင်မလဲမသိဘူး......"

ရိုကျိုးစွာဦးညွတ်ရင်း ထိုလူ့ကိုမော့ကြည့်လိုက်ရာ သူ့အနေနှင့်အတော်ပင်ရင်းနှီးနေဟန်ရှိနေသည်။ ထိုလူကသူ့ကိုတစ်ချက်လှည့်ကြည့်ပြီး ကောင်တာဆီသို့လျှောက်သွားလေသည်။

*ဒီလူ့ကိုဘယ်နေရာမှာမြင်ဖူးပါလိမ့်.....တော်တော်ရင်းနှီးနေသလိုပဲ......*

ေခ်...ေခ်...ေခ်...(complete) Opowieści tętniące życiem. Odkryj je teraz