အပိုင္း၃၉

4.5K 348 14
                                    

[Unicode] "ဘာ.....အဆောင်ပြောင်းမယ်....."

ရဲသွေးရဲ့စကားကြောင့် ရောင်စဉ်အကြီးကျယ်မျက်လုံးပြူ းသွားသည်။

"အင်း....သူတစ်ယောက်တည်းအဆောင်မှာနေရင် စိတ်ထင်ရာလုပ်မိမှာဆိုးလို့ ငါသူနဲ့နေဖို့စိတ်ကူးလိုက်တယ်"

"ဒါ....ဒါဆို....ငါကရော...ငါကတစ်ယောက်တည်းနေရမှာလား...မင်းမကောင်းဘူးကွာ...မင်းဘက်ကိုပဲမင်းကြည့်နေတာ.."

"မင်းကလည်းယောကျာ်းပဲဟာ ဘာကြောက်စရာလိုလဲ...စေရာ့အခြေအနေလည်းမင်းသိတာပဲ...အဲ့ဒါကြောင့်သူ့အခန်းကိုပြောင်းပြီးသူ့ကိုဂရုစိုက်ပေးမလို့ပါ..."

"အဲ့လိုမဟုတ်ဘူးလေကွာ...ရက်ပိုင်းလောက်သွားနေပေါ့ ပြီးရင်ပြန်လာလေ...အပြီးတော့မပြောင်းလိုက်ပါနဲ့ကွာ...ငါတစ်ယောက်တည်းကြောက်တယ်လို့"

ရောင်စဉ်မည်မျှပင်ဂျီတိုက်နေနေ ရဲသွေးကပြောင်းဖို့စိတ်ပိုင်းဖြတ်ပြီးသားပါ။

"သူဒီနေ့ပဲဆေးရုံကဆင်းမှာ...ငါသွားရမယ်...ငါ့စိတ်ကိုနားလည်ပေးပါနော် ရောင်စဉ်... အဆောင်ကဆရာကိုလည်းခွင့်တောင်းပြီးပြီ"

.........................

ရောင်စဉ်ဘာမပြောပဲ တစ်ဖက်သို့သာလှည့်နေသည်။ စိတ်ကောက်နေတာပေါ့ 😂😂😂

ရဲသွေးအထုပ်တွေပြင်ဆင်ပြီး ကြွသွားတော့သည်။ သွားတာလည်းမြန်ချက်။ ဗြုန်းဒိုင်းကြီးဆင်းသွားတာ....

"သွားကြ သွားကြ....ငါကယောကျာ်းကွ.....တစ်ယောက်တည်းနေရဲတယ်....ငါယောကျာ်းကွ......ဟင့်....ဟင့်"

သတ္တိရှိကြောင်းအော်ပြောနေတဲ့သူ့အသံတွေက တကယ်တော့သရဲတစ်ကောင်တွေ့သလိုတုန်နေဆဲပါ 😂😂😂

ညရောက်တာနဲ့ အသံလုံးလုံးဆိတ်ငြိမ်နေတာကြောင့် ရောင်စဉ်ကြောက်လာသည်။ မချမ်းတာတောင်စောင်ခေါင်းမြှီးခြုံထား၏။

*ဘာလို့အဲ့ဒီလောက်တိတ်ဆိတ်နေရတာလဲ......*

တိတ်ဆိတ်မှူတွေက ရောင်စဉ်ကို တဖြည်းဖြည်းကြောက်စိတ်အသွင်သို့ကူးပြောင်းပေးသည်။ အိပ်ယာထဲရောက်နေတာတောင်မျက်လုံးကမပိတ်နိုင်သေး။.ဟိုကြည့်သည်ကြည့်နှင့်။

ေခ်...ေခ်...ေခ်...(complete) Donde viven las historias. Descúbrelo ahora