အပိုင္း၅၆

4.4K 310 3
                                    

[Unicode] "မင်းကငါ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်း အချစ်ဆုံးသောချစ်သူတစ်ဦးပါနော် ရောင်စဉ်.....ခုကစပြီးတခြားစိတ်တွေလည်းမဖြစ်နဲ့..ငါနှင်းဆိုတဲ့တစ်ယောက်ကိုစိတ်ထဲအစကတည်းကမရှိခဲ့တာပါ.
သူ့ဘက်ကသာလိုက်နေခဲ့တာ...."

"အင်း ငါနားလည်ပါတယ် သက်တံ့....."

အမြဲတမ်းပဲ သူတို့နှစ်ယောက်အခန်းလေးကတော့အချစ်တွေနဲ့ပြည့်နှက်နေတာအမှန်ပါ။ စာကြည့်နေရင်း သက်တံ့စပြီးပြောလာတဲ့စကားကြောင့် ကြည့်နေတဲ့စာတွေ ဘယ်ရောက်ကုန်မှန်းမသိ။

ရောင်စဉ်ရဲ့အဖြေကို သက်တံ့သဘောကျသည့်ပုံမပေါ်။

"ရောင်စဉ်....ကိုယ့်ကိုသူငယ်ချင်းတစ်ယောက်လိုမင်းနဲ့ငါနဲ့မပြောပါနဲ့လား...."

"ဟင်....ရွယ်တူလောက်ပဲဟာ...ဘယ်လိုခေါ်ရမှာလဲ"

"ကိုယ်နဲ့စကားပြောရင် ကျွန်တော်လို့သုံးပါလား...ကိုယ့်ချစ်သူလေးကိုယဉ်ကျေးစေချင်တယ် "

"😕🙄ကျွန်တော်နားလည်ပါတယ် ကိုသက်တံ့ရယ်....ရပြီလား"

"ဟင့်အင်း ရသေးဘူး....ကိုလို့ပဲခေါ်.....တစ်သက်လုံးခေါ်ရမယ့်စကားတွေပဲလေ....ဟုတ်ပြီလား...."

"ကျွန်.....ကျွန်တော်နားလည်ပါတယ်....ကို......."

သူမပြောတတ်ပြောတတ်နဲ့ နူတ်ခမ်းလေးရွဲ့ပြီးပြောနေပုံလေးက သက်တံ့အတွက်အရမ်းချစ်စရာကောင်းနေပြန်သည်။

မွ........

ရှက်နေတဲ့သူ့နူတ်ခမ်းလေးကို သက်တံ့အကြင်နာထပ်ပေးလိုက်ပြန်၏။.

"ဟင်.... သက်တံ့နော်.....အယ်.....ကိုနော်.....ခဏခဏမနမ်းနဲ့ကွာ...."

"ဘာဖြစ်လို့လဲ....ရောင်စဉ်ရဲ့....မင်းကအရမ်းချစ်ဖို့ကောင်းနေလို့ဆုချတာလေ..."

"ခဏခဏနမ်းရင် အနမ်းကအဓိပ္ပါယ်မရှိတော့ဘူး တစ်ပတ်နေမှတစ်ခါလောက်နမ်း....😁"

"အဲ့ဒါဆို ဘယ်လောက်ကြာမှ ဟိုဟာလုပ်ရမှာလဲ"

သက်တံ့အမေးကြီးကြောင့် ရောင်စဉ်ခေါင်းကြီးသွားလေသည်။

"ဘယ်....ဘယ်ဟာလဲလို့....."

"မသိချင်ယောင်ဆောင်တာလား.....ဟိုဟာလေ....."

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now