(Unicode) အချိန်တော်တော်ကြာသည်အထိပေါ်လာပင်။
"ကဲ.......ယခုအစီအစဉ်ကတော့ king queen ရှိူးလျှောက်ပွဲပဲ ဖြစ်ပါတယ် "
"ဟေး............."
ကျောင်းသားကျောင်းသူများတခဲနက်အားပေးနေရာ စင်ပေါ်သို့selectionများ တစ်တွဲချင်းတွဲထွက်လာကြသည်။
သက်တံ့အလှည့်ပင်ရောက်တော့မည်။
"ဆရာမ ကျွန်တော်တစ်ယောက်တည်းလျှောက်ရမှာလား.ပြန်ရမှာလား"
"သားစင်ပေါ်အရင်တက်နှင့်နော် တစ်ယောက်တည်းလည်းလျှောက်ဖြစ်ပါတယ်"
သက်တံ့သက်ပြင်းတစ်ချက်ချပြီးစင်ပေါ်သို့တက်သွားလေသည်။
သက်တံ့တက်လာသော် ကျောင်းသူများပို၍ပင်အားပေးလာကြ၏။
"အား း း း း းoppa ချောတယ်"
"အသဲလေး..........အား............"
"ငါ့crushလေး............ကြွေပါပြီ...အား .. .. . . .."
သက်တံ့စင်ပေါ်သို့ တက်သွားပြီးရပ်စဉ် ပန်းရောင်ဂါဝန်နဲ့ပုဝါစည်းထားသောမိန်းကလေးတစ်ယောက်စင်ပေါ်သို့တက်လာကာ မဝံ့မရဲသက်တံ့လက်ကိုကိုင်တွဲလိုက်သည်။ သက်တံ့ပင်ကြောင်သွားကာ သူမကိုလှည့်ကြည့်လိုက်သည်။
သူမတက်လာတော့ကောင်လေးများအသေအော်ကြသည်။
"ဂျူးဂျူးမေကိုချစ်တယ်ဗျို့.........."
သက်တံ့ သူမမှာဂျူးဂျူးမေမဟုတ်မှန်းသိသည်။
"မင်းဘယ်သူလဲ..."
သချင်းသံတွေဆူညံနေတာကြောင့် သူတို့နှစ်ယောက်အသံကိုသူတို့ပဲ ကြားရသည်။ ထိုဘက်ကပြန်မဖြေ၍ သူလည်းလုပ်ထုံးလုပ်နည်းအတိုင်း သူမခါးကိုခပ်တင်းတင်းကိုင်ဖက်ကာ ရှေ့သို့ဆက်သွားလေသည်။
*သေခြင်းဆိုးကြီးကအသေကိုင်ပါလားဟ*
စင်ရှေ့သို့ရောက်သော် သူမကိုကိုယ်နဲ့တင်းကြပ်စွာထိကပ်လိုက်သည်။
*အမယ်လေး အသက်ရှူကြပ်လိုက်တာ*
ထို့နောက်သူ့အနားသို့တိုးလာသောသက်တံ့မျက်နှာ။ မီးရောင်ကြောင့်သက်တံ့ရဲ့မျက်နှာကိုထင်ရှားစွာမြင်ရလေသည်။ သူနဲ့ဖြစ်ပျက်ခဲ့သမျှရန်ပွဲအားလုံးကိုမြင်ယောင်ပြီး ထိုမိန်းကလေးယောင်ဆောင်ထားသောရောင်စဉ်မှာ ဒေါသအလိပ်လိုက်ထွက်နေသည်။
YOU ARE READING
ေခ်...ေခ်...ေခ်...(complete)
Romanceနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
