(Unicode) ၆နဲ့အဆောင်၈ကြား ရှေ့မျက်နှာပြင်ဟာ လူအသွားအလာနည်းပြီး စေတီတစ်ဆူရှိသည်။ စေတီနှင့်မျက်နှာချင်းဆိုင်မှာ တစ်ထပ်အဆောက်အဦးအလွတ်တစ်လုံးရှိ၏။
"အကိုလို့ခေါ်ရမှာပေါ့ ရှင်းရှင်းပဲပြောမယ် ရပ်တန်းကရပ်ပါလို့"
"ဟား ဟား.ငါကဘာလုပ်လို့ရပ်တန်းကရပ်ရမှာလဲ"
ထိုအဆောက်အဦးရှေ့မှာ သက်တံ့နဲ့ မည်သူမည်ဝါမှန်းမသိသောလူတစ်ယောက်။
"ကျောင်းသားယောင်ဆောင်မနေပါနဲ့...ကျွန်တော်အားလုံးကိုသိတယ်..ဒီထဲမှာဘာဂွင်ရှာနေတာလဲ ကျောင်းဂုဏ်သိက္ခာချမယ့်အလုပ်ဆိုရင်ရပ်တန်းကရပ်နော်"
"ငါကဘာလုပ်လို့လဲ ညီလေးရ"
"မေပန်းချီ......သူ့ကိုထပ်မနှောင့်ယှက်နဲ့တော့ ခင်ဗျားလိုချင်သလောက်ကိုအပြီးသတ်အနေနဲ့ ပေးမယ်လို့ဆုံးဖြတ်ထားတယ် ဒါပြီးရင်ခင်ဗျားသူနဲ့အဆက်ဖြတ်လိုက်ပါ"
သက်တံ့စကားကြောင့် ထိုသူဟားတိုက်ရယ်ပါသည်။
"နေ့ခင်းကြောင်တောင်ကြီးငါ့ကိုလာခြိမ်းခြောက်နေတာလား မေပန်းချီရဲ့ရည်းစားလားမင်းက"
"ကျုပ်နဲ့သူကဘယ်လိုနေနေ ခင်ဗျားနဲ့မဆိုင်ဘူး ပြောတာကိုသာသေချာနားထောင်ပါ ခင်ဗျားရဲ့လုပ်ရက်တွေအကုန်လုံးကိုမှတ်တမ်းနဲ့အတူ သိမ်းထားတာနော် မဟုတ်ရင်ရဲတိုင်လို့ရတယ် ကျွန်တော်အဲ့ဒီလောက်ကြီးအထိကိစ္စကိုမကြီးချင်လို့ ဒီတိုင်းပြောနေတာ "
"မင်းကဘာကြီးမို့လို့ ငါကစကားနားထောင်ရမှာလဲ မင်းလိုအခြောက်မရဲ့သားစကားကိုငါကနားထောင်ရမှာလား"
တစ်ဖက်လူကလည်း ခေသူမဟုတ်။ မေပန်းချီနှင့်ပတ်သက်သည့်သူတွေအကုန်လုံးကိုစုံစမ်းထားပြီးသားပင်။ ထိုလူ့စကားကြောင့်သက်တံ့စိတ်တိုပြီး လက်သီးနဲ့ပစ်ထိုးလိုက်၏။ .
ခွပ်. . ..
အား.......... .....
အသံကြားတော့ စေရာနဲ့ရောင်စဉ်လှမ်းကြည့်မိပါသည်။
"စေရာ ရန်ဖြစ်နေကြတာထင်တယ် "
စေရာသူတို့ကိုလှမ်းကြည့်ပြီး အနည်းငယ်ထိတ်လန့်သွားပြီး သူတို့ဆီပြေးသွားလေသည်။
ВЫ ЧИТАЕТЕ
ေခ်...ေခ်...ေခ်...(complete)
Любовные романыနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
