အပိုင္း၅၀

5K 349 8
                                        

[Unicode] ရောင်စဉ်ရဲ့ပေါက်တောက်ကရဆန်အောင်ရိုက်ထားတဲ့ပုံတွေကိုပြန်ကြည့်ရင်း သက်တံ့ကျေနပ်စွာရယ်နေမိသည်။

"သက်တံ့.........."

ရုတ်တရက်ကြီး နှင်းဝင်လာ၍ သက်တံ့ဖုန်းကိုချက်ချင်းပိတ်ပစ်လိုက်သည်။ သူမကတော့ သက်တံ့အနားဝင်ထိုင်လိုက်ရင်း....

"ဘာတွေကြည့်ပြီးပြုံးနေတာလဲ သက်တံ့....သက်တံ့ပြုံးတာဒီတစ်ခါပဲမြင်ဖူးသေးတယ်...ဘယ်အရာကများသက်တံ့ကိုပြုံးစေတာလဲ..."

သူမစပ်စပ်စုစုဖုန်းကိုမျက်စိရောက်နေမှန်းသိ၍ ဖုန်းကိုအိတ်ကပ်ထဲထည့်လိုက်ပါသည်။ ထို့နောက်ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။

"ဘယ်လဲ....သက်တံ့.....ကျောင်းပိတ်တုန်းလေးတွေ့ရတာကို."

နှင်း သူ့လက်ကိုလှမ်းဆွဲပြီးတားလေသည်။

"ငါမင်းနဲ့မတွေ့ချင်ပါဘူး.....ဖယ်....."

သက်တံ့ကသူမလက်ကိုခါချလိုက်စဉ် သူမထလာပြီးသက်တံ့ကိုဖက်လိုက်လေသည်။

"အရမ်းလွမ်းတာပဲ သိလား.......ဒီရင်ခွင်လေးကိုတစ်ခါလောက်ခိုနားပါရစေ....."

နှင်းသူ့ကိုတင်းကြပ်စွာဖက်ထား၍ သက်တံ့စိတ်မရှည်ဖြစ်ရပါသည်။

"ငါတော့မင်းကိုမလွမ်းဘူး....ဖယ်...."

သက်တံ့သူမလက်ကိုအတင်းခါချရင်း သက်တံ့ထွက်သွားဖို့ရွယ်လိုက်သည်။ ထိုစဉ်သူမက သက်တံ့အား သူမဖုန်းကိုဖွင့်ပြလေ၏။

"ဒါလေး...တစ်ချက်လောက်လှည့်ကြည့်ပါဦး....ကိုရေ....အခုဆို ရှင့်ဖေဖေကကျွန်မတို့ဆီကနေအရင်းနှီးယူနေရပြီ.....သူကုမ္ပဏီကိုလည်းကောင်းကောင်းထိန်းချုပ်ပုံမပေါ်တော့ဘူး...ယောကျာ်းတွေနဲ့ပဲပျော်ပါးနေပုံရတယ်နော်.....ကျွန်မကတော့အဲ့ဒီအရင်းနှီးကိုထည့်မတွက်ပါဘူး....ဘာလို့လဲဆိုတော့တစ်နေ့ကျရင်အဲ့ဒီအရင်းနှီးအစား သက်တံ့ကိုပိုင်ဆိုင်ရမှာလေ....."

နှင်းရဲ့ခြိမ်းခြောက်စကားကြောင့် သက်တံ့အေးစက်စွာရယ်မိပါသည်။

"နှင်း.....မင်းအခုဘယ်သူ့ကိုခြိမ်းခြောက်နေတာလဲ.....ငါ့ကိုအဲ့လိုနည်းနဲ့သိမ်းပိုက်လို့ရရင်လုပ်ကြည့်စမ်းပါ...."

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now