(Uni) *ကောင်စုတ်.....နင့်အပြုံးကိုမြင်ရရင်ငါ့အသည်းတွေတဆက်ဆက်ခါအောင်နာပါတယ်နော်....ဘာဖြစ်လို့များအဲ့ဒီလောက်သက်တံ့ကိုရူးသွပ်စေရတာလဲ. .......နင်သေဖို့သာပြင်ပါ.....*
တစ်ဖက်သို့ကူးတော့မည်ဆိုတာ နှင်းသိ၍ကားကိုချက်ချင်းစက်နှိူးလိုက်သည်။
"ရောင်စဉ်..............."
ကားကိုစက်နှိူးလိုက်ချင်းပွင့်ထွက်လာသောကားမီးတွေက လမ်းအလယ်ခေါင်မှာရှိတဲ့ရောင်စဉ်မျက်လုံးတို့ဆီ စူးဝင်လာပါသည်။
ရောင်စဉ်လက်နဲ့မျက်လုံးကိုအုပ်လိုက်စဉ်.......ထိုကားသူ့ဆီအရှိန်ပြင်းစွာလာနေခဲ့ပါဘီ.
.............ဝုန်း....................ဒုန်း............
"ရောင်စဉ်.............."
ရောင်စဉ်ဆီကိုပြေးသွားပြီးကားရှေ့ကရှောင်ဖယ်ကာတွန်းပစ်ပြီး ဝင်ခံပေးချင်ပေမယ့် သက်တံ့ခြေထောက်တို့ကယခင်နေရာမှမရွေ့ခဲ့။
အရှိန်ကြောင့် ကားပေါ်ကနေရောင်စဉ်လွင့်ထွက်ကာ ကတ္တရာလမ်းပေါ်သို့ဒုန်းခနဲဆောင့်ကျသွားလေတော့သည်။ ကားအတိုက်ခံလိုက်သည့်အတွက်ဝမ်းဗိုက်မှနာကြင်မူတစ်ချို့နဲ့ မာကျောတဲ့မြေကြီးနဲ့ခေါင်းဝင်ဆောင့်မူတို့ကြောင့် ရောင်စဉ်ခေါင်းကနေသွေးတွေစီးကျလာလေသည်။
"ရောင်စဉ်..........အစ်.........အစ်........"
ဆိုးရွားလှတဲ့မြင်ကွင်းကြီးကိုအစကနေအဆုံးမြင်လိုက်ရတဲ့ သက်တ့ံ့အတွက် အရမ်းထိတ်လန့်ဖွယ်ရာဖြစ်သွားလေသည်။
*အဲ့ဒီတုန်းက ငါအနာဂတ်ကိုကြိုမြင်ခဲ့လို့ထိတ်လန့်ခဲ့မိတာလား...*
စေရာအမူဖြစ်တုန်းက ထိတ်လန့်စွာရောင်စဉ်လက်ကိုဆုပ်ကိုင်ခဲ့တဲ့အချိန်တွေကို သူပြန်မြင်ယောင်ရင်း....အသက်ရှူမှားနေခဲ့တော့သည်။ူချစ်ရတဲ့သူကိုယ်တိုင်ဖြစ်သွားတာကြောင့် သက်တံ့နှလုံးခုန်နူန်းတွေမူမမှန်တော့ပဲ..ချက်ချင်းပင်နှလုံးခုန်ရပ်တန့်သွားကာ ထိုနေရာမှာပင်လဲကျသွားလေတော့သည်။
"သက်တံ့.........သက်တံ့"
ဘာမှမသိရလောက်အောင်မူးဝေနာကြင်နေသည့်ကြားက ဆိုင်ရှေ့မှာလဲကျသွားတဲ့သက်တံ့ကိုလှမ်းကြည့်ရင်း အပြေးသွားလိုက်ချင်ပေမယ့် သူကိုယ်တိုင်ကကိုမထနိုင်တော့ပေ။
BẠN ĐANG ĐỌC
ေခ်...ေခ်...ေခ်...(complete)
Lãng mạnနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
