အပိုင္း၄၄

4.5K 360 3
                                    

[Unicode] "စာတွေကတစ်နှစ်ထက်တစ်နှစ်ခက်လာပြီ.....မုန်းဖို့ကောင်းလိုက်တာ........ ခေါင်းတွေပူ.......အား......ဟူး"

သူ့ခေါင်းတွေကိုဆွဲဖွရင်း..ရောင်စဉ်စာအေးဆေးကျက်ဖို့ အရိပ်ကောင်းတဲ့အပင်ကိုရှာနေသည်။

"ရောင်စဉ်......."

သူ့နောက်ကနေလိုက်လာသောစေရာကြောင့် သူလှည့်ကြည့်လိုက်မိပါသည်။

"စေရာ........ဘာလဲပြောလေ...."

"မင်းနေရတာအဆင်ပြေရဲ့လား.....ရဲသွေးကငါ့အခန်းမှာလာနေတာဆိုတော့....."

"ရပါတယ်ဗျာ.....ရောင်စဉ်ပါနော်....တစ်ယောက်တည်းလည်းနေရဲတယ်.....မကြောက်တတ်ပါဘူး"😎😎😎

အပိုတွေပါလေ....တစ်ယောက်တည်းအိပ်ရတဲ့ရက်ကသူ့အတွက်အခြောက်ခြားဆုံးရက်ပဲကိုး😁😁😁

"အင်းပါ....ငါသက်တံ့နဲ့လည်းတွေ့ချင်သေးတယ်...သူဘယ်မှာရှိလဲသိလားဟင်....."

"အယ်....မသိဘူးဟ.......သူ့အကျင့်အရအားရင်စာကြည့်တိုက်အောင်းနေတာကိုး  စာကြည့်တိုက်မှာရှာကြည့်လေ"

"အင်းအင်း.....ကျေးဇူးပဲနော်"

စေရာသူ့ကိုပြုံးပြပြီး စာကြည့်တိုက်ဘက်ထွက်သွားလေသည်။

အဲ့ဒီအမှူကြီးဖြစ်ပြီးကတည်းက စေရာတစ်ယောက်စကားနည်းလာသည် အေးတိအေးစက်ဖြစ်လာသည် အတန်းပြီးတာနဲ့ဘယ်သူနဲ့မှမပြောမဆိုတော့ပဲ ခေါင်းငုံ့ကာအဆောင်သို့ပြန်သည် သူ့အပေါ်မှာလည်းစိမ်းကားလာတာကိုရောင်စဉ်သတိထားမိပါသည်။

ဟုတ်မှာပေါ့လေ ဒီလောက်ဆိုးရွားတဲ့ဖြစ်ရပ်ကြီးကိုကြုံထားတာပဲ မဖြစ်လို့သာကျောင်းတက်နေရပေမယ့် လူတွေကိုဘယ်လိုမျက်နှာနဲ့ပြောဆိုနိုင်မှာလဲ သူ့ကိုယ်သူမလုံမလဲဖြစ်နေရှာမှာပေါ့.......

စေရာထွက်သွားတာကိုကြည့်ပြီး ရောင်စဉ်လည်းတစ်ဖက်သို့ထွက်သွားလေသည်။

"ဂျူ း အရင်တနေ့က ငါ ရောင်စဉ်ကို markingပေးခဲ့တယ်"

ကန်တင်းထိုင်ပြီးဖျော်ရည်သောက်နေသောဂျူ းဂျူ းမေတစ်ယောက် သော်တာစကားကြောင့် ဖျော်ရည်တွေသီးကုန်လေသည်။

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now