အပိုင္း၄၀

5K 420 45
                                        

[Unicode] အတန်းနားချိန်မို့ တချို့တွေကတော့အပြင်ထွက်သွားပေမယ့် သက်တံ့ကတော့အတန်းထဲထိုင်ရင်းစာဖတ်နေသည်။ ရောင်စဉ်နောက်တန်းကိုလှည့်ကြည့်လှည့်ကြည့်နှင့်...........

*တည်ငြိမ်လိုက်တာလေ......ဝစီပိတ်ပဲကျင့်တဲ့လူသားလားမသိဘူး......ငါဘယ်လိုစကားသွားစပြောရမလဲ....သက်တံ့ငါမင်းနဲ့လာအိပ်လှည့်မယ် တစ်ယောက်တည်းကြောက်လို့လို့ပြောရင်ကောင်းမလား.....အဲ့ဒါကဗလိုင်းကြီးဟ....သက်တံ့တစ်ယောက်တည်းအိပ်ရတာမပျင်းဘူးလားလို့မေးရင်ရော....အစကတည်းတစ်ယောက်တည်းနေတာပျင်းမလား......အား....ခေါင်းရှူပ်လိုက်တာ...ဟိုနှစ်ကောင်ကတော့ တစ်ခန်းတည်းနှပ်နေကြတာနေမှာပေါ့ စေရာဆိုကျောင်းတောင်မလာသေးဘူး.....*

ရောင်စဉ်အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ နောက်တန်းသို့သွားထိုင်လေသည်။

"အဟင်း.....သက်တံ့ မြန်မာချိန်တက်ဦးမှာလား....."

သက်တံ့လည်းသူ့ဘေးနားကပ်လာတဲ့ရောင်စဉ်ကို မူန်သုန်စွာကြည့်လိုက်မိပါသည်။

"ဘာလုပ်မလို့လဲ"

"ဟို....တူတူပြန်ရအောင်ပြောမလို့ပါ....."

"ငါ့ဆိုင်ကယ်နောက်ကပ်စီးချင်လို့လား......."

*ဖဲ့ပြီ ဖဲ့ပြီ သူ့ဆိုင်ကယ်နောက်သေတောင်လိုက်မစီးရဲပါဘူးနော်..*

ရောင်စဉ်လည်းအတွေးလေးနဲ့အတင်းတုတ်လိုက်ရမှ 😂😂

""မဟုတ်ပါဘူး...ရဲသွေးကအဆောင်ပြောင်းသွားပြီလေ...အဲ့ဒီတော့ငါတစ်ယောက်တည်းပြန်ရမှာမို့ပါ...."

................

သက်တံ့ကအေးစက်စွာဘာမှမပြောသလို။ ရောင်စဉ်ဘာဆက်ပြောရမလဲအစရှာနေရပြန်သည်။ သူကအဲ့ဒီလောက်ထိအးစက်နိုင်တာ 😂😂😂

ရုတ်တရက်သူ့ပုခုံးပေါ်သု့ိနွေးထွေးသောအရာတစ်ခုရောက်လာသည်ကိုရောင်စဉ်သတိထားမိလိုက်သည်။

"တစ်ယောက်တည်းမပြန်ရဲရင်ကိုယ်လိုက်ပို့ပေးမယ်လေ...."

*အိမ်း......မိန်းကလေးအသံ *

ရောင်စဉ်လန့်ပြီးသူ့နောက်ကိုလှည့်ကြည့်လိုက်သည်။ ရောင်စဉ်ရဲ့ပုခုံးလေးက သူ့ရဲ့ရင်ခွင်ထဲတောင်ဝင်လုနီးပါးဖြစ်သွားသည်။ ရောင်စဉ်လန့်ပြီး နောက်သို့ဆုတ်မိသွားသည်။

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now