(Unicode) "အမယ်လေး....မောလိုက်တာ......အလုပ်လုပ်ရတာကလည်း...."
နေ့လည်လောက်မှာ အဆောင်ကိုမောပန်းစွာ ရောင်စဉ်ပြန်လာလေသည်။ သက်တံ့ကတော့စာရင်းဇယားဆွဲနေသည့်ပုံပေါ်သည်။
"သြော်....မင်းပြန်လာပြီလား.....နောက်ကျတယ်နော်"
"အင်း....နောက်ကျတယ်...သွားစစ်ရတဲ့စက်ရုံက ဖြေပေးမယ့်သူမရှိလို့ စောင့်နေရတာအကြာကြီး....ဝင်ခွင့်တောင်မပေးဘူးအစက.....တော်တော်လေးဇွဲရှိရှိထိုင်စောင့်ကာမှ.ကူဖြေပေးတာ....လူတွေဟာလေ......."
ရောင်စဉ် မောမောနဲ့ ဘေးကကုတင်မှာပက်လက်လှန်လဲှရင်း စကားတွေပွစိပွစိနဲ့ပြောတော့သည်။
"ပြန်လာတာ မောတယ်လည်းပြောသေးတယ် မင်းအခုလိုတဒက်ဒက်နဲ့စကားတွေပြောနေတာမမောဘူးလား...."
"ကိုကလည်း. ..အဲ့ဒါအကျင့်လေ...မောစရာလား....ဟင်...ကြည့်ဦး....သူကpaperတောင်လုပ်နေပြီ....ကျွန်တော့်ကိုမစောင့်ဘူးလား...."
ရောင်စဉ် သက်တံ့ကိုကြည့်ပြီး နူတ်ခမ်းကြီးစူလာလေသည်။ ထိုအခါမှ သက်တံ့လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး ရောင်စဉ်ဘက်ကိုလှည့်လာသည်။
"စိတ်ကောက်တာလား....."
"ဟင့်အင်း....မကောက်ပါဘူး....ကိုစိတ်ထိခိုက်မှာမလိုလားဘူး 😊 ကိုအခုလိုမြန်မြန်လုပ်နေတာက ကိုအလုပ်ပြီးသွားရင်ကျွန်တော့်ကိုကူမလို့ပဲသဘောထားလိုက်ပါ့မယ် "
ရောင်စဉ်အဖြေလေးက တကယ်ကိုသဘောထားကြီးဟန်ပေါက်နေတာကြောင့် သက်တံ့ပြုံးပြီး လက်နှစ်ဖက်နဲ့ ရောင်စဉ်ပါးလေးကိုဆွဲညှစ်လိုက်သည်။
"ကြည့်ပါဦး....ကျွန်တော့်ချစ်သူလေးကဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာ တလောကလုံးကိုကြွားလိုက်ချင်ပါတယ်...."
"တလောကလုံးကိုမကြွားပါနဲ့နော်...တော်ကြာ...လူတိုင်းဟောဒီကကျွန်တော်လေးကိုဆွဲလုကုန်ပါလိမ့်မယ် 😅😁😁"
သက်တံ့သူ့အိတ်ထဲကတစ်သျူှ းစကိုထုတ်လိုက်ပြီး ရောင်စဉ်နဖူးကချွေးတွေကိုသုတ်ပေးလိုက်သည်။
"အရမ်းပူတယ်မလား.....တစ်ခုခုသွားသောက်ရအောင်..."
"အင်း.....ကို"
YOU ARE READING
ေခ်...ေခ်...ေခ်...(complete)
Romanceနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...