(Uni) သက်တံ့ရဲ့နာကြဉ်းမုန်းတီးတဲ့စကားတွေကိုထပ်ခါတလဲလဲပြန်ကြားယောင်ရင်း သက်တံ့အဖေဦးမြင့်မောင် တစ်ယောက်အတွေးပေါင်းစုံဖြစ်လို့နေသည်။
*သားလေးက နှလုံးရောဂါဖြစ်နေတာမလား....ငါကသူ့အတွက်စိတ်ညစ်စရာသောကရောက်စရာများဖြစ်နေလား....ငါ့လိုပုံစံကိုသူ့မိဘတစ်ယောက်အဖြစ်မသတ်မှတ်နိုင်တော့ဘူးထင်တယ်..
သားလေးအဖေ့ကြောင့်အရမ်းစိတ်ထိခိုက်နေရပြီလားဟင်....သားနောက်ဆုံးပြောသွားတဲ့စကားတွေကအရမ်းကိုရင့်သီးလွန်းပါတယ် သားနှင်းကိုသဘောမကျဘူးလား အဖေသားဖြစ်စေချင်တဲ့အဖေတစ်ယောက်ဖြစ်အောင်ကြိုးစားယူပါ့မယ်ကွယ်.. *
မျက်ရည်တစမ်းစမ်းနဲ့ အိပ်ယာပေါ်မှာလူးလိမ်းပြီး အတွေးသောကတွေပူပွေဖြာနေသည်။
"ပြန်....ပြန်တော့မှာလားရဲသွေး....."
သူတို့နှစ်ယောက်တရားဝင်ချစ်သူဖြစ်ခဲ့တဲ့အချိန်လေးဟာအရမ်းကို တိုတောင်းလွန်းပါတယ် မကြာခင်ပဲခွဲခွာရတော့မည်မဟုတ်ပါလား......သို့ဖြစ်၍စေရာမျက်ဝန်းတွေဝမ်းနည်းရိပ်တို့တွဲလွဲခိုနေပါတော့သည်။
"ကျူ တာဆရာလေးဖြစ်ဖို့အတွက်ဆက်ကြိုးစားပါနော်စေရာ ငါအားပေးပါတယ်"
"ကျောင်းပြီးသွားပြီဆိုတော့ ဘာလုပ်ဖို့စိတ်ကူးထားလဲဟင်"
"ငါလား.....ဘဏ်တို့ ကုမ္ပဏီတို့မှာဝန်ထမ်းဝင်လုပ်မယ်ပေါ့ "
ရဲသွေးကပေါ့ပေါ့ပါးပါးဖြေနေ၍ စေရာမကျေမနပ်ဖြစ်မိနေသလို။
"ခွဲရတော့မှာကို ရုပ်ကြီးကဖြီးနိုင်သေးတယ်လား အတည်ကိုအမြင်ကပ်စရာကြီး....ဟင့် ဟင့် 😖😭😭😭"
ပြောနေမကြာပါဘူး စေရာထငိုလေတော့သည်။
"ဟာ....ဆရာကလည်းမငိုပါနဲ့ ရေစက်ရှိရင်တနေ့ပြန်ဆုံဦးမှာပါ ကလေးလေးကျနေတာပဲ အဲ့လိုကလေးရုပ်ကဆရာဖြစ်ရင်တော့လား စင်မြင့်ပေါ်မှာဂျီတိုက်နေမှာမြင်ယောင်သေးတယ် 😂"
သူငိုနေတာတောင် ရဲသွေးကရယ်နေ၍ ပိုပြီးစိတ်တိုကာ လက်သီးနဲ့ ရဲသွေးရင်ဘတ်ကိုတဒုန်းဒုန်းမည်အောင်ထုနှက်လိုက်ပါသေးသည်။
![](https://img.wattpad.com/cover/163051738-288-k613724.jpg)
YOU ARE READING
ေခ်...ေခ်...ေခ်...(complete)
Romanceနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...