အပိုင္း၃

7.3K 560 10
                                    

(Unicode)နောက်နေ့ကျောင်းရောက်သော် သက်တံ့သူမရှင်းမလင်းဖြစ်နေသေးသော vedioအကြောင်းကိုစေရာအားမေးမိသည်။

"စေရာ....Top နဲ့Bottomပြောတာက တခြားအဓိပ္ပါယ်ရှိသေးလို့လား"

ထိုကဲ့သို့မေးလျှင်ပင် စေရာတခစ်ခစ်နဲ့ရယ်မိ၏။

"မရယ်နဲ့ကွာ တခြားအဓိပ္ပါယ်ရှိသေးတယ်မလား ပြောစမ်း"

စေရာက လူကသာရိုးတိရိုးကန်းဖြစ်နေပေမယ့် စိတ်ကတော့မရိုးပေ။ မေးသမျှဟာအကုန်သိသည်။ သူမသိတာဆိုသည်မှာမရှိ။

"သူတို့ကမင်းကို........ $$##$#^***#$$......."

စေရာပြောသောစကားများကိုသူနားနဲ့တောင်မဆံ့ အံ့သြဖွယ်ကြားလိုက်ရသည်။

"ဟာ.........ဟာ........သေချင်တယ် သေချင်တယ် ဘာတွေဘယ်လိုတင်ထားတာလဲ ငါ့ကိုgayတစ်ယောက်လိုတင်ထားကြတာ ဟာ......စိတ်တိုလိုက်တာ....."

သက်တံ့ လိုင်းမှာတင်ထားသောထိုvdကိုပြန်ပြန်ကြည့်ပြီ်း စိတ်တွေအရမ်းတိုကာ တစ်ယောက်ယောက်ကိုထသတ်ပစ်ချင်စိတ်တွေပေါက်လာ၏။ မျက်နှာတစ်ခုလုံးလည်းနီမြန်းကာ...ဒေါသတွေပေါက်ကွဲနေပေပြီ။

"သက်တံ့စိတ်ထိန်းစမ်း ဒါမင်းအိမ်မဟုတ်ဘူး ကျောင်း ကျောင်းဟ"

"ဒါဟိုကောင်သပ်သပ်မဲ့တင်တာပဲဖစ်မယ် အဲ့ကောင်ကိုမကျေနပ်ဘူး"

"သူကမင်းနဲ့ရန်ဖြစ်နေတာလေအဲ့တုန်းက... ဘယ်လိုလုပ်ပြီးvdရိုက်နိုင်မှာလဲ"

"မဟုတ်ဘူး စေရာရ မင်းမှမသိတာ သူ့သူငယ်ချင်းတွေကိုရိုက်ခိုင်းထားလို့ရတာပဲလေ သေမယ် အဲ့ကောင်.... လောကမှာအမုန်းဆုံးပဲ"

"ပြောမကလည်းလုပ်ချင်တာလုပ်ကွာ"

သက်တံ့သူ့ကိုသတ်ပစ်ချင်စိတ်တဖွားဖွားပေါက်နေသည်။

vdမှာမန့်ထားသောcommentများကိုကြည့်ရင်း .............

"ဟာ...ဟိုမှာbottomလေး😁😁"

"ဟေ့ bottomလေး နေကောင်းလား"

LGBTအကြောင်းကိုနားလည်ကြသောလူတစ်ချို့မှာ သူ့ကိုစနောက်သွားကြသေးသည်။

"မြင်လား ငါ့ကိုတကျောင်းလုံး ukeလို့ထင်ကြတော့မှာပဲ"

"စိတ်ထိန်းစမ်းပါ စိတ်ထဲထားမနေနဲ့ ဖျောက်ပစ်"

ေခ်...ေခ်...ေခ်...(complete) Where stories live. Discover now