အပိုင္း၇၁

3.9K 283 15
                                    

(Uni) နှစ်နှစ်ခန့်ကြာသော်..............

ရောင်စဉ်..သူ့အဖေကိုယ်စား ကားထွက်သည့်အလုပ်ကိုပဲလုပ်နေတော့သည်။ သူ့ရဲ့ပုံစံကြောင့် ဘဝင်မြင့်တဲ့သူဆိုပြီး ဘယ်အလုပ်မှမခန့်...။ သူကလည်းသာသာယာယာပါပဲ....မရရင်မလုပ်...လုံးဝပင်အောက်မကျို့တတ်တော့။ သူ့ပါးစပ်ကနေလုံးဝတောင်းပန်တယ်ဆိုတဲ့စကားထွက်မလာ။

"အဖေ....ဒီနေ့ဘယ်ကိုကုန်သွားပို့ရမှာလဲ...."

"မန္တလေးသွားရမယ်သား.....အဖေလိုက်ခဲ့ရဦးမလား"

"ရတယ် မလိုဘူး...."

နံနက်စာစားပြီး ချက်ချင်းထ ထွက်သွားသည်။ သူ့အဖေ သူ့ပုံစံကိုကြည့်ပြီးသက်ပြင်းချရသည်။

"မေမေ...သမီး..ကိုကို့ကိုကြောက်တောင်လာပြီ...ရုပ်တည်ကြီးနဲ့....စကားတောင်သွားမပြောရဲတော့ဘူး"

"ဟုတ်ပါ့ ယောကျာ်းရယ်....ကျွန်မသားလေးကိုမြင်ရင်တကယ်စိတ်မကောင်းဘူး...နှစ်နှစ်တောင်ကျော်ပြီသူ့ပုံစံကဒီလိုကြီးပဲဖြစ်နေတာ...."

"သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့သူက ဟိုကလေးအပြင်ရှိမှမရှိတော့တာ.....မင်းအပိုတွေလုပ်ပြီးကြင်ဖက်တွေ့ပေးမနေနဲ့နော်...မှိူချိုးမျှစ်ချိုးသာပြောလာလိမ့်မယ်...."

ဟုတ်ပါတယ်....သူ့သားလေးအဖော်မဲ့နေမှာဆိုးလို့ ကြင်ဖက်တွေ့ပေးသည်။

ကြင်ဖက်တွေ့သည့်တစ်နေ့က-

......မင်္ဂလာပါ...ကျွန်မနာမည်က ဟန်သီတာပါ....အသက်၂၇...

......တော်တော်တောင်အိုနေပြီပဲ.......

....ရှင်..........

ရောင်စဉ်ရဲ့အေးစက်စက်ခပ်ပြတ်ပြတ်စကားကြီးကြောင့် သူမမျက်နှာပျက်သွားလေသည်။

.....ဒီကအသက်ဘယ်လောက်ရှိပြီမို့လို့လဲဟင်......

....ကျွန်တော်က.၁၆နှစ်ပြည့်ပြီးကတည်းကကိုယ့်အသက်ကိုဆက်မမှတ်တော့ဘူး...အဲ့ဒီတော့ကျွန်တော်ကအမြဲ၁၆နှစ်လို့ပဲဖြေမှာ...

ရောင်စဉ်အဖြေကြောင့် သူမမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ ရောင်စဉ်ထိုအပြုံးကြီးကိုမုန်းလှလွန်း၍ဂြိုလ်ကြည့်စိုက်ကြည့်နေမိသည်။

ေခ်...ေခ်...ေခ်...(complete) Onde histórias criam vida. Descubra agora