အပိုင္း၄၅

4.6K 357 12
                                    

[Unicode] ညနေငါးနာရီအထိ ရောင်စဉ်အဆောင်ကိုပြန်မလာသေး။

အဆောင်မှာနေရင်းသက်တံ့တစ်ယောက်ဂနာမငြိမ်ဖြစ်လို့နေသည်။ တံခါးဝမှာထိုင်ကာ ရောင်စဉ်ပြန်အလာကိုစောင့်နေမိသည်။

*ခွေးကောင်လေးဘာလို့အဲ့ဒီလောက်ကြာရတာလဲ....အတန်းချိန်လည်းမရှိတော့ပဲနဲ့.....သော်တာဆိုတဲ့အကောင်နဲ့သွားတွေ့တာများလား......*

သက်တံ့ခေါင်းထဲမှာ အတွေးပေါင်းစုံ စုလို့နေသည်။ စောင့်ရတာအရမ်းကြာလာ၍ သက်တံ့စိတ်တိုပြီးအခန်းထဲပြန်ဝင်သွားလေသည်။

"အဲ့ဒီတစ်ယောက်နဲ့အတော်ပျော်နေတယ်ထင်တယ်....ငါဘာလို့စိတ်တိုနေရတာလဲ........ ရင်တွေပူလိုက်တာ....."

ကုတင်ပေါ်ထိုင်လိုက် မတ်တတ်ရပ်လိုက်နဲ့ အချေတို့ဂနာမငြိမ်ဖြစ်တတ်လာလေပြီ။

"လမ်းမပေါ်လျှောက်လို့နော်......မင်းရှိရာအရပ်ဝယ်........."

သူပြန်လာပြီဆိုအဆောင်ကဆူညံစပြုလာသည်။ လက်ထဲမှာစာအုပ်တစ်အုပ်နဲ့ ရောင်စဉ်အခန်းသို့ပြန်လာသည်။ သူ့အခန်းတံခါးသို့ဖွင့်မည်ရွယ်စဉ် သက်တံ့တံခါးကိုဖွင့်ကာ သူ့ကိုလှမ်းကြည့်၍ရောင်စဉ်လန့်သွားသည်။

"အမယ်လေး.....ဗုဒ္ဓေါ လန့်တာကွာ......ကျက်ပြီးသားစာတွေမေ့ကုန်ပြီ"

"မင်း.......ဘယ်သွားနေတာလဲ "

*အံမယ်.....ဟုတ်တိပတ်တိငါ့ကိုမေးလို့ပါလား.....*

"ငါ စာသွားကျက်တာ...စာမေးပွဲနီးရင်အဆောင်ကဆူညံလွန်းလို့"

ရောင်စဉ်ပြန်ဖြေတာကိုခန့်မှန်းပြီး သော်တာနဲ့သွားတွေ့တာမဟုတ်မှန်းသိသွား၍ သူ့ပုံစံကိုစိတ်ချသွားသည့်ပုံပင်။

"သြော်......ခြောက်နာရီတောင်ထိုးတော့မယ်....နောက်နေ့တွေကျအရမ်းနောက်ကျတဲ့အထိမနေနဲ့....."

သူမှာချင်တာမှာပြီးတံခါးချက်ချင်းပိတ်သွားလေသည်။ ရောင်စဉ်အဖြေကိုမစောင့်ပါ။

"ဘာလဲ....လူကိုသူ့အခိုင်းစေများထင်နေလား......ပြောချင်ရာပြောပြီးတံခါးကိုပိတ်သွားတယ်...ဟင်း"

ေခ်...ေခ်...ေခ်...(complete) Donde viven las historias. Descúbrelo ahora