အပိုင္း ၂၀

5.1K 429 9
                                    

(Unicode) ညချမ်းအချိန်လေးမှာ တဆောင်လုံးရှိကျောင်းသားများဝိုင်းဖွဲ့ကာ ဂိမ်းကစားဖို့စီစဉ်နေကြလေသည်။

"ဟေး ဘယ်သူမှအခန်းထဲမနေကြေးနော် အခန်းထဲနေခဲ့တဲ့သူစာမေးပွဲကျပါစေ 😂😂"

စီနီယာအကိုကြီးတွေကထိုကဲ့သို့ပြောကြသော်လည်း ရောင်စဉ်ကပြောစရာမလို ထိပ်ဆုံးကရောက်နေပေပြီ ။ သူ့ကိုမသွားရဘူးဟုဝိုင်းတားရင်တောင် ပျော်ပွဲရွှင်ပွဲဆိုရင်တော့တားမရပေ။ တစ်ချိန်လုံးခုန်ပေါက်နေသည်။ ပျော်စရာသချင်းသံတွေကြား သူမျောက်လိုဖြစ်နေ၏။

"ရောင်စဉ် အိနြေ္ဒထိန်းဦးဟ 😂😂😂"

ရဲသွေးစလိုက်၍ ရောင်စဉ်သူ့ကိုကလိလိုက်ထိုးပြန်သည်။

"မင်းလည်း ယွရမယ် လာကွ"

ရဲသွေးကိုနောက်ရင်း သူသတိရသွားသည်။

"သြော် ဟုတ်သားပဲ ဟိုအခန်းတွင်းပုန်းကောင်"

ရောင်စဉ် ပြေးပြီးအပေါ်ထပ်ကိုတက်လာခဲ့သည်။ သက်တံ့အခန်းဆီသို့။

*သူ့ဘာသူလာတာမလာတာ ငါနဲ့မဆိုင်ပါဘူးလေ ခေါ်သင့်လား မခေါ်သင့်ဘူးလား သူတို့လိုလူချမ်းသာတွေကအမြဲတမ်းပျော်နေရမှာ ဒါမျိုးအပျော်လေးကတော့အပျော့ပဲရှိမှာ ပြီးရင်အဲ့မြေမထိကောင်က အောက်တန်းစားတွေနဲ့မနေချင်ဘူး ဘာညာပြောရင်ငါပဲစိတ်တိုရမှာ အိမ်း မသွားတာပဲကောင်းပါတယ်လေ *

သက်တံ့အခန်းနားရောက်မှ ပြန်လှည့်သွားလေသည်။

*မဖြစ်သေးပါဘူးလေ*

တခါပြန်လှည့်လာပြန်သည်။

*သူ့အဖေကိစ္စနဲ့ သူစိတ်ထိခိုက်နေမှာ ခဏမေ့ပျောက်ပြီးပျော်သွားအောင် အပေါင်းအသင်းတွေနဲ့ဒီလိုအခါမှပျော်စရာကောင်းတာကို ငါခေါ်သင့်တယ် *

ရောင်စဉ် သတ္တိမွေးပြီး တံခါးကိုခေါက်လိုက်၍သက်တံ့တံခါးကိုဖွင့်ပေးလိုကိသည်။

"ဘာလာလုပ်ပြန်တာလဲ မင်း..."

"ဟို........ငါမင်းကိုခင်ချင်လို့လာတာမဟုတ်ဘူးနော် အောက်မဆင်းရင်မင်းစာမေးပွဲကျလိမ့်မယ် အယ် ဟို...."

ေခ်...ေခ်...ေခ်...(complete) Nơi câu chuyện tồn tại. Hãy khám phá bây giờ