[Unicode] "ရဲသွေး...ငါ့ကိုဘယ်ခေါ်လာတာလဲ...."
အေးမြတဲ့လေနုနုလေးတွေတိုက်ခတ်နေသော သာယာဖွယ်ပန်းခြံလေးတစ်ခု........
"မင်းစိတ်ပြေလက်ပျောက်ဖြစ်အောင်ခေါ်လာတာ....မင်းကိုပျော်စေချင်လို့လေ ပိတ်ရက်မှာအဆောင်အောင်းနေရင်စိတ်ဓာတ်ကျလာမှာဆိုးလို့"
ရဲသွေးစကားကြောင့် စေရာပြုံးမိပါသည်။
"ရဲသွေး......မင်းကအရမ်းသဘောကောင်းတာပဲ ငါ့အပေါ်လည်းအရမ်းကြင်နာတတ်တယ်....မင်းကငါ့ရဲ့တကယ့်သူငယ်ချင်းကောင်းပါကွာ...."
"ဟုတ်ပါပြီ ဇာတ်ကြောင်းတွေပြန်မဖော်ပဲ လျှောက်သွားရအောင် မင်းသွားချင်တဲ့နေရာအကုန်လိုက်ပို့မယ် ရုပ်ရှင်ရောသွားမကြည့်ချင်ဘူးလား....စိတ်ပြေလက်ပျောက် ဟာသကားသွားကြည့်ရအောင်လေ.....လာ"
ရဲသွေးသူ့ကိုသိပ်ချစ်နေမှန်းသိသည်။ ဒါပေမယ့် စေရာပြန်ချစ်ဖို့အတွက်ဝန်လေးနေခဲ့မိ၏။ အတိတ်ဆိုးတစ်ခုကြောင့် သူချစ်ရမှာကိုကြောက်နေမိသည်။
ရောင်စဉ်နဲ့သော်တာလည်း လျှောက်လည်ရင်း မြစ်ကမ်းနားကသစ်ပင်အောက်မှာထိုင်ဖြစ်ခဲ့ကြသည်။
"ဝိုး.....ပျော်ဖို့ကောင်းလိုက်တာ....ဦးနှောက်ကိုအရှင်းဆုံးဖြစ်အောင်ထားရမယ် ပြီးရင်စာမေးပွဲဖြေရမယ်"
မြစ်ထဲသို့ကျောက်ခဲတွေတစ်လုံးပြီးတစ်လုံးပစ်ချရင်း ရောင်စဉ်အော်ဟစ်နေခဲ့သည်။ သူအော်တာကိုကြည့်ပြီးသော်တာရယ်နေမိသည်။
"ရောင်စဉ်....မင်းကတကယ်ရယ်ရတဲ့ကောင်နော်"
"Noပါ....ငါကလူရွှင်တော်မဟုတ်ပါဘူး....ပျော်ပျော်နေတတ်တာပဲရှိတာ အဲ့ဒါကလွတ်လပ်ပေါ့ပါးတယ်လေ....စိတ်ညစ်စရာဘာမှမတွေးဘူး....စာမေးပွဲresultမထွက်ခင်တော့စိတ်ညစ်တာရှိတယ်.ငါအောင်မှအောင်ပါ့မလားဆိုပြီးလေ 😂😂😂"
တစ်ဒက်ဒက်နဲ့ ပြောနေသောရောင်စဉ်ကိုကြည့်ပြီး ချစ်စရာကောင်းလွန်းသောကြောင့် သော်တာ သူ့ခေါင်းကိုလက်နဲ့သပ်လိုက်မိသည်။
"ချစ်ဖို့ကောင်းလိုက်တာ....မင်းကအရမ်းပဲ.....ချစ်ဖို့ကောင်းတယ်"
ВЫ ЧИТАЕТЕ
ေခ်...ေခ်...ေခ်...(complete)
Любовные романыနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
