extra

7.1K 301 12
                                        

(Uni) Rainbow cakeဆိုင်လေးရဲ့အနောက်ဖက်ကခြံထဲတိုက်ခန်းမှာ သူတိူ့နှစ်ယောက်အတူထိုင်နေလျက်.......ရောင်စဉ် သက်တံ့ရင်ခွင်ထဲမှာအတင်းတွယ်ကပ်ကာဖက်ထားလေသည်။

"ရောင်စဉ် လွှတ်ပါဦးဟ"

"ဟင့်အင်း....ဒီတစ်ခါလွှတ်လိုက်ရင်ဟော့ဒီကအချေကြီးထွက်ပြေးသွားမှာဆိုးလို့"

"သူများကိုပဲအချေတဲ့....သူလည်းချေတတ်နေပြီဟာကို.... "

ထိုသို့ပြောလိုက်တော့ရောင်စဉ် သူ့ရင်ခွင်ထဲကနေထလာပြန်သည်။

"သက်တံ့ရဲ့စိတ်ခံစားချက်တွေကိုနားမလည်ပဲဘဝင်မြင့်တယ်ဆိုပြီး ထင်ခဲ့မိတာတွေတကယ်တောင်းပန်ပါတယ်နော်...."

သူ့ကိုခယတောင်းပန်နေတဲ့ပုံလေးကြောင့်သက်တံ့စိတ်မကောင်းဖြစ်မိပါသည်။

"ကဲပါ...အတိတ်အကြောင်းတွေကိုမေ့...ခုအကြောင်းပဲတွေးရအောင်"

"ခုဘာအကြောင်းလဲ....ထိုင်နေကြတာပဲကို"

"ဟင့်အင်း....ခဏနေရင်ပေါ်လာတော့မှာ...."

သက်တံ့ပြောရင်းတဖြည်းဖြည်း ရောင်စဉ်အနားကိုတိုးလာသည်။

"သက်တံ့နော်.....ဘာလုပ်တာလဲ အနားကပ်မလာနဲ့"

သက်တံ့ကသူ့အနားကိုတိုးလာတာမို့ ရောင်စဉ်ပါးမို့လေးမှာတဖြည်းဖြည်းရဲလာလေသည်။ သက်တံ့ရင်ဘတ်ကို သူ့လက်ကလေးနဲ့တွန်းထုတ်ရင်း.....

"မင်းငါ့ပါးကိုအကြီးကြီးညှစ်ဆွဲခဲ့တယ်လေ ရောင်စဉ်"

"ချစ်လို့ဆွဲခဲ့တာလေ....အညှိူးမထားရဘူးလေ.....လက်စားမချေရဘူးလေ"

သက်တံ့မျက်နှာတို့ သူ့မျက်နှာနဲ့နီးကပ်လာတာမို့ သူ့ရင်တွေအရမ်းခုန်လာလေသည်။

"ကိုယ်ကလည်းမင်းကိုအချစ်ဆန်ဆန်လက်စားပြန်ချေမှာပါ"

သက်တံ့စကားကြီးကရောင်စဉ်တစ်ကိုယ်လုံးကိုစိုးမိုးလိုက်သလိုပင်။ ရောင်စဉ်ရဲ့နူတ်ခမ်းနုနုလေးကို သူ့နူတ်ခမ်းတို့နဲ့ဖိကပ်နမ်းရှိူက်လေသည်။ အိစက်နေသောအထိအတွေ့ကြောင့် ရောင်စဉ်မျက်လုံးတို့ပိတ်မိသွားသည်။

ေခ်...ေခ်...ေခ်...(complete) Tahanan ng mga kuwento. Tumuklas ngayon