အပိုင္း ၇၀

4K 284 20
                                    

(Uni) ရောင်စဉ်မျှော်လင့်တကြီးနဲ့မေးတာမို့ သူ့အဖေဘယ်လိုအကြောင်းပြရမယ်မသိ။ သူ့အမေလည်းစားပွဲမှာထိုင်နေရာကနေပြန်ထလိုက်သည်။

"သား....သား....သတိပြန်ရပြီလား......"

"အမေ....အဖေ......သက်တံ့ဘယ်မှာလဲလို့......သူကျွန်တော်နဲ့အတူဆေးရုံတက်ခဲ့ရတယ်မလား.....သူဘယ်မှာလဲဟင်....ဘယ်မှာလဲလို့"

ရောင်စဉ်အတင်းမေးပေမယ့်ဖြေ ဖို့အတွက်အရမ်းခက်ခဲနေတဲ့မျက်နှာတွေဖြစ်နေတာကြောင့် ရောင်စဉ်စိုးရိမ်သွားလေသည်။

"ပြောပြကြပါဗျာ.....သက်တံ့ဘယ်မှာလဲ....."

သူအတင်းမေးနေတာနဲ့ မသက်သာပဲ စေရာဝမ်းနည်းစွာဖြေလိုက်လေသည်။

"ရောင်စဉ်...စိတ်အေးအေးထားပါ....သက်တံ့မရှိတော့ဘူး"

"ဘာ............"

စေရာပြန်ဖြေလိုက်တဲ့စကားဟာ ရောင်စဉ်ရင်ဘတ်တည့်တည့်ကိုလှံနဲ့ထိုးစိုက်လိုက်သလို.....ခေါင်းပေါ်တည့်တည့်ကိုမီးပူရေတွေလောင်းချလိုက်သလိုပါပဲ.....အရမ်းကိုအထိတ်တလန့်ဖြစ်ရကာခြေလှမ်းတွေရှေ့မတိုးတော့ပဲနောက်သို့ဆုတ်မိကာ ထိုင်လျက်လဲကျသွားလေသည်။

*သက်တံ့မရှိတော့ဘူးဟုတ်လား.....မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူး....သက်တံ့ကငါ့ကိုထားပြီးဘယ်မှသွားမှာမဟုတ်ဘူး...ကျွန်တော့်ကိုထားပြီးထွက်မသွားပါနဲ့သက်တံ့ရယ်....ကျွန်တော့်ရင်တွေအရမ်းပူရတယ်ဗျာ......*

သူ မယုံကြည်နိုင်ပဲ.အတင်းထပြီးထွက်သွားလေသည်။

"ရောင်စဉ်...ဘယ်လဲ.......ရောင်စဉ်"

အကုန်လုံးဝိုင်းတားတာတောင်မရ။ ရောင်စဉ်အတင်းပြေးထွက်သွားသည်။.....cakeဆိုင်လေးကိုပေါ့။

"ကြိုဆိုပါတယ်ဧည့်သည်.....ဘာများသုံးဆောင်မလဲ"

ဆိုင်ထဲဝင်ဝင်ချင်းကောင်တာမှာမြင်လိုက်ရတာက သက်တံ့မဟုတ်ပဲ မိန်းကလေးတစ်ယောက်ဖြစ်လို့နေသည်။

"ဒီက....ဒီကဆိုင်ရှင်ဘယ်ရောက်သွားတာလဲ.....သက်တံ့ဘယ်ရောက်သွားတာလဲလို့....."

ဘေးမှာရှိတဲ့ဧည့်ကြိုကောင်လေးတစ်ယောက်ကို သူအတင်းဆွဲလှူပ်ပြီးမေးလေတော့ ထိုသူလည်းလန့်သွားလေသည်။

ေခ်...ေခ်...ေခ်...(complete) Donde viven las historias. Descúbrelo ahora