အပိုင္း ၅

6.2K 497 11
                                    

(Unicode)သူတို့Oceanကိုလျှောက်ပတ်ကာ မုန့်တွေလျှောက်ဝယ်နေကြသည်။ 

"ရောင်စဉ်ငါတို့ သရဲကားရှာရအောင် ငါ့မှာlap topပါတယ် ခွေထိုးကြည့်ရအောင်လို့ "

"ငါသရဲကားမကြိုက်ဘူး မင်းတို့ဘာသာရွေးကြ."

ဒါနဲ့ ရဲသွေးနဲ့စေရာ ခွေထိုင်ရွေးနေကြ၏။ ရောင်စဉ် လှည့်ပတ်ကြည့်နေရင်း စာအုပ်တန်းရောက်သွားသည်။

"ပုညခင်ဝတ္ထုတွေပါလား ဖတ်ချင်တာ...."

သို့သော်ထိုစာအုပ်များမှာ စင်ရဲ့အမြင့်ဆုံးအတန်းမှာရှိနေ၍ သူမမှီပေ။ ခြေထောက်လှမ်းသော်လည်းမရ။

"ကူညီပေးရမလား....."

ထိုစဉ်အနောက်ကအရပ်ရှည်ရှည်နဲ့လူတစ်ယောက်သူ့နောက်ကျောကနေ ထပ်ကြပ်မကွာပူးကပ်ကာ ထိုအမြင့်ရှိစာအုပ်ကိုလှမ်းယူလိုက်သည်။ ရောင်စဉ်ကျောပြင်သို့ ထိုသူ့ရင်ဘတ်နွေးနွေးကြောင့် ရောင်စဉ် ရင်ထိတ်သွားသည်။

"ရော့"

"ကျေးဇူး.......😳"

တစ်ယောက်နဲ့တစ်ယောက်မကြည့်သေးပဲ စာအုပ်ကိုလှမ်းယူမည်လုပ်စဉ် ထိုသူ့လက်တွေတုံ့ဆိုင်းသွား၍ ရောင်စဉ်သူ့ကိုမော့ကြည့်လိုက်ရာ...........

နှစ်တစ်ထောင်ရန်သူကြီးဖြစ်သော သက်တံ့ပင်ဖြစ်နေသည်။

(ကိုကိုအချေလေးကို သက်တံ့ဟုသုံးပါတော့မည် 😐)

သက်တံ့ကစာအုပ်ကိုတောင်မပေးတော့ပဲ အောက်သို့လွှတ်ချလိုက်သည်။.........ဖုန်း....................

ထို့နောက်ဖြစ်သွားသောနှစ်ယောက်သားရဲ့မျက်နှာတစ်စုံတို့မှာ ဒေါသတွေပြည့်နေပေတော့သည်။

"တွေ့ပြန်ပြီ......မင်းငါနဲ့ဝေးဝေးနေလို့ပြောတာကို "

"ငါ့အမှားမဟူတ်ဘူးလေ ဒါကမင်းသပ်သပ်ငါ့ကိုလာကပ်တာကို "

"မင်းမှန်းမသိလို့ငါကူညီတာ.....မင်းလိုအောက်တန်းစားတစ်ယောက်ကငါ့အကူအညီနဲ့မတန်ဘူး"

"ဘာကွ......မင်းစကားကိုဆင်ခြင်ပြော.... ငါကအောက်တန်းစားကောင်မဟုတ်ဘူး...."

"စဉ်းစားညဏ်မရှိပဲထင်ရာဆိုင်းတာ မင်းကတိရစ္ဆာန်သာသာပဲရှိတာလေ လူနဲ့တောင်နှိူင်းလိူ့မရဘူး"

ေခ်...ေခ်...ေခ်...(complete) Tahanan ng mga kuwento. Tumuklas ngayon