(Unicode) ရောင်စဉ်တို့ထွက်သွားသော် နှင်းနဲ့သက်တံ့နှစ်ယောက်တည်းကျန်ခဲ့ပြန်သည်။
"အဲ့လူတွေကတစ်မျိုးနော် ပုံစံကလည်းကြောင်တောင်တောင်နဲ့"
"ဒီလိုပါပဲ တောသားတွေဆိုတော့ ဒါပေမယ့်တောသားဆိုတော့ရိုးသားတယ် ငါ့လိုတော့မကောက်ကျစ်ဘူး"
"အမယ် ဒီနတ်သားလေးကဘီလူးယောင်ဆောင်နေပြန်ပါပြီ ဒါနဲ့ကို နှင်းအကူအညီတောင်းစရာရှိလို့ "
နှင်းကအကူအညီတောင်း၍ သူတစ်ချက်ကြည့်လိုက်သည်။
"ပြော...ဘာကူညီပေးရမှာလဲ"
သူမစာရွက်လေးတစ်ရွက်ထုတ်ပြသည်။ ပတ်ပို့ပုံနှင့် လူတစ်ယောက်။ ရုပ်ကကောက်ကျစ်သည့်ရုပ်နှယ် မျက်နှာရှည်ရှည်နဲ့ရုပ်မဆိုးသည့်အတန်းထဲမှာပါသည်။
"ဒီလူ နှင်းသူငယ်ချင်းကို လိုင်းကနေချိတ်ဆက်ပြီးတွေ့ဖိူ့ချိန်းတယ် ပြီးတော့ သူနဲ့တွေ့ပြီး သူ့ကိုယ်သူဘာဖြစ်ခဲ့မှန်းမသိတော့ဘူးတဲ့ အဲ့ဒီနောက်သူ့ရဲ့မဟုတ်တဲ့ပုံတွေ ပို့ပို့ပြီးငွေညစ်နေတာ သူမုံရွာကပဲဆိုလို့. နှင်းသိချင်တယ်"
"နှင်း.........."
ရုတ်တရက် သူစိတ်ကြည်နေစဉ်မှာခေါ်လိုက်၍ နှင်းတစ်ယောက်ပျော်သွားလေသည်။
"ပြောလေ ကိုရဲ့"
"မင်းကအဖြူထည်မိန်းကလေးတစ်ယောက်ပါ ငါ့ကြောင့်မညစ်စေချင်ဘူး မင်းလည်းသူ့လိုပဲလုပ်နေတာပဲလေ ငါ့ကို.....မင်းကိုယ်မင်းပြန်စဉ်းစားကြည့်..... အချစ်ကလုပ်ယူလို့ရတာမဟုတ်ဘူး အဲ့ဒီလူကငွေညစ်တယ် မင်းကငါ့စိတ်ကိုညစ်နေတာ"
"ဟင့်အင်း အဲ့လိုမပြောပါနဲ့ သက်တံ့ကိုနှင်းချစ်လို့ပါ"
"ဒါဆိုအဖေ့ရဲ့vedioတွေ ဘာလို့မဖျက်သေးတာလဲ"
"သက်တံ့နဲ့မင်္ဂလာဆောင်ပြီးတဲ့နေ့ အတည်ဖျက်မှာပါသက်တံ့ရယ် "
"မင်းကိုငါညီမလေးတစ်ယောက်လိုပဲ မြင်တယ် ညီမလေးတစ်ယေက်လိုပဲသံယောဇဉ်ရှိချင်တယ် ငါ့ကိုထပ်ပြီးမထိန်းချုပ်ပါနဲ့လား ငါအဲ့ဒီသံယောဇဉ်ကိုပါမဖြတ်ချင်လို့ပြောနေတာနော် မင်းခိုင်းထားတာငါစုံစမ်းပေးမယ် မင်းဘယ်လိုသဘောရလဲ"
ВЫ ЧИТАЕТЕ
ေခ်...ေခ်...ေခ်...(complete)
Любовные романыနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
