အပိုင္း ၇၃

4.5K 292 17
                                    

(Uni) အိမ်ပြန်ရောက်လာတော့အရမ်းကိုမိုးချုပ်နေပြီ..ည ည့်နက်နေပြီလို့တောင်ပြောရတယ်....11:55ရှိနေပြီလေ။

အကုန်လုံးလည်းအိပ်နေကြပြီထင့်.ဘာသံမှမကြားရတော့ပဲတိတ်ဆိတ်မည်းမှောင်နေသည်။ ရောင်စဉ်လည်း အိပ်မယ်လို့စဉ်းစားပြီးသူ့အခန်းထဲကိုသွားဖို့ရွယ်လိုက်သည်။

တစ်နေရာကမီးလင်းနေတာများလား........ရောင်စဉ်မျက်ထောင့်ကနေလင်းလက်မူတစ်ခုကိုတွေ့လိုက်ရ၍ ထိုဘက်ကိုရောင်စဉ်လှည့်ကြည့်လိုက်မိသည်။ မီးဖိုခန်းမှာ ကျီသီးမီးသေးသေးလေးရယ်...စားပွဲပေါ်မှာတင်ထားသောသစ်သီးကိတ်မုန့်လေးကို လှပထင်းလင်းအောင်အလင်းရောင်ပြုလို့နေသည်။ တခြားနေရာတွေကမည်းမှောင်နေသော်လည်းထိုကိတ်လေးအပေါ်မှာတော့အလင်းရောင်တွေဖြာဝဲလို့နေသည်။

ရောင်စဉ်နာရီကိုတစ်ချက်လှမ်းကြည့်လိုက်တော့ ၁၂တောင်ထိုးတော့မည်။ ညနေကမှစေရာပြောခဲ့သောစကား....ဒါက ကလေးကုလာဆန်လွန်းတာသိပေမယ့် သူ့အိပ်မက်ထဲများလာတွေ့မလားဆိုတဲ့မျှော်လင့်ချက်နဲ့ ကိတ်နားကိုရောင်စဉ်တိုးသွားလိုက်သည်။

သူ့ကိုမစောင့်နိုင်လို့ မိဘတွေထားခဲ့တာပဲဖစ်မည်။

သူကိတ်ကလေးကိုငုံ့ကြည့်တော့ ဂျက်စက္ကူ မှာ rainbowဆိုတဲ့တံဆိပ်လေး......သူမြင်မြင်ချင်းရင်ခုန်မိသွားသည်။

*သက်တံ့တို့ဆိုင်ကဝယ်လာတာပဲ.....အင်း...ကိတ်ဆိုင်ကနာမည်ကြီးတော့အဖေဝယ်လာတာပဲဖစ်မယ်...... တိုက်ဆိုင်မူပါလေ*

ကိတ်ကိုကြည့်ကာ သူနှစ်လိုဖွယ်ကောင်းစွာပြုံးရင်း ဖယောင်းတိုင်မီးထွန်းလိုက်သည်။

တစ်ယောက်တည်း စိတ်ထဲကနေ happy birthday လို့ဆိုရင်း သက်တံ့ကိုပြန်မြင်ယောင်မိလာသည်။

........ဒီက. happy birthdayလို့ပြောမလို့ဟာကို angry birthdayပဲဖစ်မယ်ထင်တယ်....angry birthdayပါကိုသက်တံ့ကြီးရေ မွေးနေ့မှာစိတ်တိုလို့အသက်မြန်မြန်တိုပါစေ........

သူဆုတောင်းတဲ့အတိုင်းဖြစ်ခဲ့ရ၍ သူ့ရင်ထဲတော့မကောင်းပါ။ အမှတ်တမဲ့သူစပြီးဆုပေးလိုက်တာကတကယ်ဖြစ်ခဲ့တာကိုး..ရောင်စဉ်တဖြည်းဖြည်းဝမ်းနည်းကာ မျက်ရည်တို့မျက်ဝန်းထဲမှာတွဲလဲခိုလာလေသည်။

ေခ်...ေခ်...ေခ်...(complete) Donde viven las historias. Descúbrelo ahora