[Unicode] ခဏမှာ သက်တံ့နဲ့ရောင်စဉ်ပြန်လာကြသည်။ တထစ်ထစ်ရန်ဖြစ်နေပေမယ့် တူတူသွား တူတူလာနေကြတာသိပ်မရိုးဘူးနော် 😒
"ဟင်....စေရာ...သတိရလာပြီလား...စေရာ"
စေရာသတိရလာတာကိုမြင်တော့ ရောင်စဉ်သူ့အနားပြေးသွားလေသည်။
"စေရာ ဝမ်းသာလိုက်တာကွာ....မင်းအဆင်ပြေရဲ့လား....ငါအဲ့အကိုကြီးမျက်နှာကိုဟော့ဒီလို ဟော့ဒီလိုထိုးပစ်ခဲ့တယ် ဖြစ်နိုင်ရင်သတ်ပစ်ခဲ့ချင်တာ....စေရာမင်းစိတ်မညစ်နဲ့သိလား...ငါတို့ရှိတယ်."
ရောင်စဉ်တစ်ယောက် စကားတွေပွစိထိုးကာအားပေးစကားပြောနေမိသည်။
စေရာ သူ့ကိုအားပေးနေတဲ့ရောင်စဉ်ကိုကြည့်ပြီး တစ်ချက်ပြုံးမိပါသည်။ ဒါပေမယ့် ဘေးနားကသက်တံ့ကိုသူအရမ်းအားနာနေသလို။ နေရထိုင်ရခက်နေသည်။ အရမ်းလည်းရှက်သည်။
*ကျွန်တော်သာသက်တံ့စကားကိုနားထောင်ခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး...သက်တံ့မင်းကလေ...လူကသာအေးစက်စက်နိုင်ပေမယ့် မင်းစိတ်ထဲမှာတစ်ဖက်သားကိုအလေးထားတဲ့စိတ်ရှိမှန်း သိလိုက်ပါပြီ....အခုမင်းကိုမျက်နှာတောင်မပြဝံ့ပါဘူး......*
စေရာမျက်နှာပျက်ပြီး တစ်ဖက်သို့လှည့်နေလိုက်သည်။ သက်တံ့နားလည်ပါသည်။ သူ့ကြောင့်အနေခတ်နေမှန်း။
"အခုသူလည်း သတိရပြီဆိုတော့မကြာခင်သက်သာမှာပါ....ငါသွားတော့မယ် ဟိုကောင် လိုက်မှာလား....."
သက်တံ့သူ့ကိုခေါ်မှန်းသိတာကြောင့် ရောင်စဉ်သူ့နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားလေသည်။
ဆေးရုံအထွက်......
"သက်တံ့ပြန်မှာလား.....ငါတို့ဆီမှာဘာမှလည်းပါခဲ့တာမဟုတ်ဘူး...ဘယ်လိုပြန်မှာလဲ...."
"လေမများပဲလိုက်ခဲ့စမ်းပါ...."
သက်တံ့ ရောင်စဉ်လက်ကိုဆွဲပြီး သစ်ပင်တစ်ပင်အောက်သို့ခေါ်သွားလေသည်။
"ဒီမှာစောင့်နေ....ဆိုင်ကယ်ငှါးခဲ့မယ်....."
ရောင်စဉ်ရဲ့အဖြေတောင်မစောင့်။ သက်တံ့ထွက်သွားလေသည်။
ВЫ ЧИТАЕТЕ
ေခ်...ေခ်...ေခ်...(complete)
Любовные романыနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...
