[Unicode] ခြေလှမ်းတွေ မမှန်ပဲယိမ်ထိုးနေသောသက်တံ့။
"တကယ်ထဲကို ဖန်ခွက်သေးသေးလေးသောက်ပြီးယိမ်ထိုးနေတာ"
"ငါမမူးဘူး.. ကမ္ဘာကြီးကလည်နေလို့ ငါ့ကိုလာမထိန်းနဲ့"
"ငါမင်းကိုတိုက်လိုက်တာ ဖန်ခွက်သေးသေးလေးနဲ့.....တစ်ပုလင်းလုံးသောက်ထားတဲ့စတိုင်ချိုးမနေနဲ့ တကယ်ပဲ "
"ငါမမူးပါဘူးဆို ဘာလို့လာပြောနေတာလဲ နားညီးတယ် မင်းလို...."
"အောက်တန်းစားကောင်လို့ပြောမလို့မလား....."
သူပြောမှာကိုရောင်စဉ်ကြိုသိနေသည်။ ရဲသွေးသူ့ကိုကြည့်ပြီးလန့်နေသည်။
"ရောင်စဉ် သူတော့မနိုင်လောက်တော့ဘူး ဖြစ်ပါ့မလား"
"တစ်ခွက်တည်းသောက်ပြီးမူးတာလားဟ ငါ့နှယ် အရက်ပြင်းလည်းမဟုတ် ဝိုင်လေးကိုများ😒"
"မသိဘူးကွာ မင်းဘာမင်းကြည့်ထိန်းလိုက်တော့ ငါတော့ဒိုးပြီ"
"ဟေ့ကောင် အဲ့လိုမလုပ်ရဘူးလေ အော် အေး ငါပဲသူ့ကိုခေါ်ခဲ့မိတာကို ငါပဲမှားတာပေါ့"
ရောင်စဉ်ရေရွတ်ရင်းသက်တံ့ကိုသူ့အခန်းထဲ လိုက်ပို့လေသည်။
..........ဒုန်း...........အမယ်လေး နာတာ.........
ရောင်စဉ် တံခါးအဝင်ဝက ခုံစောင်းနဲ့ခြေမဝင်ဆောင့်မိသည်။
နာပေမယ့် သည်းခံပြီး သက်တံ့ကိုကုတင်ပေါ်တင်ပေးကာ ဖိနပ်ချွတ်ပေးနေသည်။ထိုစဉ်သက်တံ့ပြန်ထလာသည်။
"အော် အေး အိပ်လေမြေမထိရဲ့ မင်းမူးနေတာ "
ရောင်စဉ်ထိုသို့ပြောစဉ် သက်တံ့သူ့လက်ကိုဆွဲကိုင်လိုက်သည်။
"ကျေးဇူးပဲ မင်းငါ့ကိုဒီလိုပျော်ရွှင်မူကိုရစေခဲ့လို့"
သက်တံ့မျက်ဝန်းထဲမှာ ပျော်ရွှင်မူမျက်ရည်တွေစီးကျနေသည်။
"ဒါလေးကအသေးအဖွဲ့လေးပါ မင်းတို့ဆီကလိုကြီးမားခမ်းနားတဲ့ပွဲအခမ်းအနားမဟုတိပါဘူး"
"အဲ့ဒါတွေကအပေါ်ယံတွေ ငါအဲ့ဒါတွေမုန်းတယ်"
"သြော် အေး ငါလည်းအပေါ်ယံပဲလေ မနက်ဖြန်ရန်သူပြန်ဖြစ်ပြီကို"
![](https://img.wattpad.com/cover/163051738-288-k613724.jpg)
YOU ARE READING
ေခ်...ေခ်...ေခ်...(complete)
Romanceနာမည်တူကောင်လေးနှစ်ယောက်ရဲ့မတူညီတဲ့အကျင့်စရိုက်လေးတွေနဲ့ နောက်ကွယ်ကအကြောင်းများ..... အချစ်ကိုလှည့်စားခံရပြီးတဲ့နောက်စိတ်ဒုက္ခတွေဖြစ်ရတဲ့gayလေးတစ်ယောက်....... Tom boyတစ်ယောက်ဖြစ်ပေမယ့် ကောင်လေးတစ်ယောက်ကိုစိတ်ဝင်စားမိသောအခါ......... အဲ့ဒလို အဲ့ဒလို ရှ...